SJ WorldNews - шаблон joomla Авто

မသန်စွမ်း အားကစားသမားများ တွေ့ဆုံခြင်းနှင့် အလှူငွေ ပေးအပ်ပွဲ ကျင်းပ

Wednesday, 13 September 2017 09:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်း အားကစားသမားများအား တွေ့ဆုံခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏ အားကစားကွင်း မိုးလုံလေလုံ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ဝင်များက အားကစားနည်းအလိုက် မိတ်ဆက်ဂါရဝပြုကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးဝင်းနှင့် တာဝန်ရှိသူများက အလှူငွေ ငွေကျပ် ၅၄ဝ၇၅ဝဝဝ နှင့် အမေရိကန်ဒေါ်လာ၂ဝဝဝ ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အားကစားနည်း ၁၇ မျိုးအနက် မြန်မာနိုင်ငံမှ အားကစားနည်း ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်ကစားသမားများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read 30 times Last modified on Wednesday, 13 September 2017 09:06