SJ WorldNews - шаблон joomla Авто

နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲ စတင်ကျင်းပ

Tuesday, 12 September 2017 08:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၁

၂ဝ၁၇ ခုနှစ် နဝမအကြိမ် နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီ ခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ပွဲရုံ (B) ၌ စတင်ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံအိုလံပစ်  ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက် ကြပြီး အမျိုးသား ပွဲစဉ်အဖြစ် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနအသင်းနှင့်မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အသင်းတို့ ယှဉ်ပြိုင်နေ မှုများကို ကြည့်ရှုအားပေးသည်။

နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံဘော်လီဘောပြိုင်ပွဲကို  ဝန်ကြီးဌာန အသီးသီးမှ အမျိုးသား ကိုးသင်းနှင့် အမျိုးသမီး ငါးသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။  ပြိုင်ပွဲကို စက်တင်ဘာ ၂ဝ ရက်အထိ နေ့စဉ် နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ပွဲ ရုံ(B)၌ ကျင်းပသွားမည်ဖြစ်သဖြင့် အားကစား ဝါသနာရှင်များ အခမဲ့ လာရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။

ကျော်လွင်

Read 13 times