SJ WorldNews - шаблон joomla Авто

ဘရာဇီး ကလေးငယ်နှစ်ဦး၏ အသက်ကို ကယ်နိုင်ရန် ရော်ဘတ်တိုဖာမင်နို ပေါင် ၅၉ဝဝဝ လှူဒါန်း

Saturday, 11 August 2018 11:08 font size decrease font size decrease font size increase font size increase font size

လီဗာပူး   သြဂုတ်    ၁ဝ

လီဗာပူးအသင်းမှ ဘရာဇီး တိုက်စစ်မှူး ရော်ဘတ်တို ဖာမင်နိုသည် မွေး ရာပါ ကျောရိုးတွင်းရှိ ကြွက်သား၊ ဆဲလ်နှင့် အာရုံကြော ထိန်းချုပ်မှုစနစ် ပျက်စီးနေသော ဘရာဇီးကလေးငယ်နှစ်ဦး၏ အသက်ကို ကယ်တင်နိုင်ရန် ပေါင် ၅၉ဝဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဲလက်စ်ဟိုဆေးအမိုရင် နှင့် ဂရာစီလီရှလမ်မာတို့ ဇနီးမောင်နှံမှ မွေးဖွားသော သားအကြီးယာအိုသည် အသက်ခြောက်နှစ်ရှိပြီဖြစ်ပြီး သားငယ် မီဂွယ်မှာ ၁၁လအရွယ် သာရှိ သေးသော်လည်း နှစ်ဦး စလုံးတွင် ဖြစ်ခဲလှ သည့် ရောဂါဆိုး ပါလာ ခြင်းကြောင့် ခွဲစိတ်ကုသမှုမခံယူလျှင် အသက်ဆုံးရှုံးရမည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် အမေရိက၌ သွားရောက်ခွဲစိတ်ကုသမှု ခံယူနိုင်ရေးအတွက် မိဘနှစ်ပါးက လူမှုကွန်ရက်ပေါ်တွင် အလှူခံကာ တစ်နှစ်တာ ကာလအတွင်း ကုသမှုစရိတ် ၈၂၇ဝ၃၂ ပေါင် ကုန်ကျမည်ဟု  ကြေညာခဲ့သည်။ သို့သော် ကောက်ခံရရှိသော အလှူငွေမှာ ၅၉၁၃၂ ပေါင် လိုအပ်နေရာ ဖာမင်နိုနှင့် ဇနီးသည် လာရစ်ဆာပါရီးယားတို့က   စိုက်ထုတ် လှူဒါန်းပေးခဲ့ကြောင်း အိုဂလိုဘိုသတင်းစာကဖော်ပြသည်။

ရင်သွေးနှစ်ဦး၏ မိခင်က ''ဖာမင်နိုနဲ့ ဇနီးသည် ပါရီးယားတို့က ကျွန်မ ကိုဆက်သွယ်ပြီး  လိုတဲ့ငွေလှူဒါန်းမယ်ပြော လို့ စိတ်အေးချမ်းသာစရာ ဖြစ်ခဲ့ရပါတယ်။ ကျွန်မတို့ ရင်သွေးလေးနှစ်ယောက်အတွက် ခွဲစိတ်ကုသမှု ခံယူနိုင်ဖို့  ငွေပြည့်အောင် ကာလရှည် ကြာ စောင့်ခဲ့ရတာပါ။ ဒါကြောင့် ဒီသတင်းကြားရတော့ ငိုမိပါတယ်''ဟု ပြောသည်။              

Read 26 times Last modified on Saturday, 11 August 2018 11:09