SJ WorldNews - шаблон joomla Авто

လီဗာပူးနှင့် စပါးတို့ ဖလားရခဲ့ သည့်အလား ပြင်ဆင်မှု ကောင်းနေကြဟု မော်ရင်ဟိုဆို

Saturday, 11 August 2018 11:04 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ    သြဂုတ်   ၁ဝ

 လက်စတာနှင့် ယနေ့ညတွင် ပရီးမီးယားလိဂ် အဖွင့်ပွဲ ကစားရမည့် မန်ယူအသင်းနည်းပြ  မော်ရင်ဟိုက  ပြီးခဲ့ သည့် ရာသီတွင် ပရီးမီးယားလိဂ်၌ အဆင့် (၂) နေရာရခဲ့ခြင်းမှာ မိမိနည်းပြဘဝ၏ အကြီးမြတ်ဆုံး  အောင်မြင်မှုများ ထဲမှ တစ်ခုဖြစ်သည်ဟု ဆိုကာ လီဗာပူးနှင့် စပါးအသင်းတို့သည် ဆုဖလားများနှင့် ဝေးကွာနေ သလို မိမိတို့ထက်လည်း  အဆင့်နိမ့်ပြီး ရာသီသိမ်းခဲ့သည့်ကြားမှ အစဉ်အဆက် ချန်ပီယံဖြစ်သည့် အသင်းများ အလား ပြင်ဆင်မှု ကောင်းနေ ကြသည်ဟုပြောသည်။

လီဗာပူးသည် ၂ဝ၁၂ခုနှစ်နှင့် စပါးသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း မည်သည့်ဖလားမျှ မရသော်လည်း ကစားသမား ကောင်းများကို အား ဖြည့်ရာတွင် ငွေကြေးများစွာသုံးစွဲပြီး နှစ်စဉ်အားဖြည့်နေကြကြောင်း  မော်ရင်ဟိုကပြောကာ မိမိသည် ယခုနွေရာသီ ဈေးကွက်တွင် ကစား သမားသစ် ထပ်မံခေါ်ယူနိုင်ရန် မဖြစ်နိုင်တော့ဟုလည်း ညည်းတွား ခဲ့သည်။ ''ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၂)နေရာဖို့ အရမ်းကို ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရတယ်။ နည်းပြဘဝမှာ အကြီးမြတ်ဆုံး အောင်မြင်မှုတစ်ခု အဖြစ်မြင်တယ်။  ကိုယ့်အဆင့်အောက်မှာရပ်တည်ပြီး   ဖလားတွေ နဲ့ဝေးနေတဲ့အသင်းတွေက နှစ်တိုင်း  ဗိုလ်စွဲတဲ့ အသင်းတွေအလား ပြင်ဆင်မှုကောင်းနေကြတယ်။ ကျွန်တော်ကတော့ အခုရာသီအဖွင့် ပွဲမှာ ရှိတဲ့ကစားသမားနဲ့ ရင်ဆိုင်ဖို့ပဲရှိတယ်'' ဟု ပြောသည်။                                       

  

 

 

 

 

 

Read 28 times Last modified on Saturday, 11 August 2018 11:08