SJ WorldNews - шаблон joomla Авто

အာဆီယံ ယူ-၁၆ တတိယနေရာလုပွဲတွင် မလေးရှားကို အနိုင်ရရှိရန်ကြိုးစားမည်ဟု ဦးညီညီလတ်ပြော

Saturday, 11 August 2018 10:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်   ၁ဝ

အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပ လျက်ရှိသည့်  ၂ဝ၁၈ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်းသည် တတိယနေရာ လုပွဲစဉ်အဖြစ် မလေးရှား ယူ-၁၆ အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး    အနိုင်ရရှိရန် ကြိုးစားသွားမည်ဟု နည်းပြချုပ် ဦးညီညီလတ်ကပြောသည်။

မြန်မာ ယူ-၁၆ အသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်း ယူ-၁၆အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ကာ တတိယ နေရာလုပွဲစဉ်ကို မလေးရှား ယူ-၁၆ အသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

''ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပေမယ့် တတိယနေရာလုပွဲ   ဆက်ကစားရမှာပါ။   ဒါကြောင့်    အကောင်းဆုံးပြင်ဆင် ထားပါတယ်။  ကစား သမားတချို့ ဒဏ်ရာရှိနေပေမယ့်  မလေးရှားနဲ့   တတိယနေရာလုပွဲကို အနိုင်ရရှိဖို့ ကြိုးစား မှာပါ'' ဟု ဦးညီညီလတ် က ပြောသည်။

မလေးရှား ယူ-၁၆ အသင်းသည် ဆီမီး ဖိုင်နယ်တွင် အင်ဒိုနီးရှား ယူ-၁၆ အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး  တတိယနေရာ လုပွဲ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနှင့်  မလေးရှား  ယူ-၁၆ အသင်း တတိယ နေရာ လုပွဲစဉ်ကို  သြဂုတ် ၁၁ ရက် မြန်မာ စံတော်ချိန် ညနေ ၃နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အင်ဒိုနီးရှား  ယူ-၁၆ အသင်းနှင့်  ထိုင်း ယူ-၁၆ အသင်းတို့၏ ဗိုလ်လုပွဲကို ယင်းနေ့ ညနေ ၆ နာရီတွင်  ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း  သိရသည်။

တီတီ   

 

Read 20 times Last modified on Saturday, 11 August 2018 10:44