SJ WorldNews - шаблон joomla Авто

မုံရွာမြို့ ယူ-၁၄ ဘောလုံးပြိုင်ပွဲအတွက် အသက်စစ်ဆေးရာတွင် ကစားသမား ၁၃ ဦးကို ပြန်လည်စေ လွှတ်ခဲ့ရ

Saturday, 11 August 2018 10:41 font size decrease font size decrease font size increase font size increase font size

မုံရွာ   သြဂုတ်   ၁ဝ

မုံရွာမြို့၌  ကျင်းပလျက်ရှိသော  အသက်  ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲဖြစ်သည့် MPT U-14 Football Tournament 2018 (Monywa) ပြိုင်ပွဲအတွက် အသက် စစ်ဆေးရာတွင် စုစုပေါင်း ကစား သမား ၁၃ ဦးမှာ အသက်ကျော်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည့်အတွက် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ    ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့်    MPT  တို့၏   ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု တို့ဖြင့် ကျင်းပလျက် ရှိသည့်  MPT U-14 Football Tournament ပြိုင်ပွဲများကို ကျင်းပနေခြင်းဖြစ်ရာ အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေးအတွက် ယခု မုံရွာပြိုင်ပွဲတွင်  အသက်စစ်အဖွဲ့  ဖွဲ့စည်းခဲ့ပြီး ကစားသမားများ အသက်မှန်ကန်ရေးကို ဦးစားပေး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအသက်စစ်အဖွဲ့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက ဦး ဆောင်ပြီး   MPT U-14 Football Tournament 2018 ပြိုင်ပွဲများ၏ ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးရဲဝင်းထွန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး  ပညာရေးမှူးရုံးမှ  ဦးစီး အရာရှိ  ဒေါ်ဖြူဖြူဝင်းတို့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။ အသက်စ စ်ဆေးရာတွင်    ကနဦးအဆင့် အဖြစ် ရုပ်ပိုင်းဆိုင်ရာ   စစ်ဆေးမှုများဖြစ်သည့်အရိုး၊ သွားနှင့် အမွေးအမှင် များကို စစ်ဆေး ခဲ့ပြီး သံသယ ရှိသူများကိုရွေးထုတ်ကာ  ရုပ်ပိုင်းဆိုင်ရာစစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။

ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရခက်သူ တချို့ကို  ဓာတ်မှန်ရိုက်စစ်ဆေးမှု  ထပ်မံပြုလုပ်ပြီး  စစ်ဆေးခဲ့ရာ   စုစုပေါင်း   ကစားသမား  ၂၄ဝ ဦးအနက်မှ သံသယရှိသည့် ကစားသမား ၅၅ ဦးကို ရွေးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး  ယင်းတို့အနက်မှ  ကစားသမားလေးဦးမှာ  ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ချိန်မှာပင် အသက်ကျော်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ကာ ကစားသမား  ၁၃ဦးကို ဓာတ်မှန် ရိုက်စစ်ဆေးရာတွင် ကစားသမား ကိုးဦးမှာ အသက် ကျော်နေကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး  ကျန်လေးဦးမှာ အသက် စစ်ဆေးမှု အောင်မြင်ခဲ့သည်။

ယခုနှစ်အတွင်း MPTယူ-၁၄ ဘောလုံးပြိုင်ပွဲ များကို ပဲခူး၊ ပုသိမ်၊ ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင်နှင့် တောင်ကြီးမြို့ တို့၌  ကျင်းပမည်ဖြစ်ရာ ထိုပြိုင်ပွဲများတွင် ကစားသမားများ၏ အသက် မှန်ကန်ရေးကို အလေးထား စစ်ဆေး မည်ဖြစ်သည်။  

တီတီ

Read 19 times Last modified on Saturday, 11 August 2018 10:42