SJ WorldNews - шаблон joomla Авто

MFF Myanmar Futsal League 2018 ၏ ဒုတိယနေ့ခြေစစ်ပွဲစဉ်များတွင် Athletics အသင်း နိုင်ပွဲဆက်

Thursday, 12 July 2018 09:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၁

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ်များကိုယနေ့တွင် ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပရာ Athletics အသင်းက နိုင်ပွဲဆက်ခဲ့ကြောင်း သိရသည်။

ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသော RDZ အသင်းနှင့်  Comrade  အသင်းတို့ ပွဲစဉ်တွင် အပြန်အလှန် သွင်း ဂိုးများ သွင်းယူ ခဲ့ကြပြီး ငါးဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယမြောက်ပွဲစဉ်ဖြစ်သော AMM အသင်းနှင့် GV Athletics အသင်းတို့  ပွဲစဉ်တွင် GV Athletics အသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် နိုင်ပွဲရရှိခဲ့သည်။

ဒုတိယနေ့ပွဲစဉ်များအပြီးတွင် GV Athletics အသင်းက  နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်ဖြင့် ဦးဆောင် နေပြီး RDZ  အသင်းက  နှစ်ပွဲကစား  နှစ်မှတ်၊  Comrade အသင်းက တစ်ပွဲကစား တစ်မှတ်၊ AMM အသင်းက  နှစ်ပွဲ ကစား တစ်မှတ်၊ Shwe Myawaddy အသင်းက တစ်ပွဲကစား တစ်ပွဲရှုံးဖြင့် ရမှတ် မရရှိသေးကြောင်း သိရသည်။

MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များကို  ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင် ကစားခြင်းဖြစ်ပြီး အမှတ်အများဆုံး ရရှိသော အသင်းသုံးသင်းသည် သြဂုတ်လအတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018  ပြိုင်ပွဲသို့  ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

တီတီ

Read 19 times Last modified on Thursday, 12 July 2018 09:59