SJ WorldNews - шаблон joomla Авто

ခံစစ်ပိုင်း အားနည်းချက်များကို ဆက်လက် ပြင်ဆင် ရဦးမည်ဟု ဦးမျိုးလှိုင်ဝင်း သုံးသပ်

Thursday, 12 July 2018 09:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၁

အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အာဆီယံ ယူ-၁၉ အမျိုးသား ဘောလုံးပြိုင်ပွဲတွင်   ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် ခံစစ်ပိုင်းအားနည်း ချက်များကို ဆက်လက် ပြင်ဆင်ရဦးမည်ဖြစ်ကြောင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အုပ်စု(ခ) အဖွင့်ပွဲတွင်  တီမောကို  နှစ်ဂိုးစီသရေ၊ ဒုတိယပွဲတွင်  ကမ္ဘော ဒီးယားကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်၊ ဘရူနိုင်းကို ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်၊ မလေးရှားကို ၁ ဂိုး- ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။ သို့သော် ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရသော အသင်း၏ ခံစစ်ပိုင်းကို  ဆက်လက် ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း မလေးရှားနှင့် ပွဲအပြီးတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

''ကစားသမားတွေ အကောင်းဆုံးကြိုး စားခဲ့လို့ ဒီရလဒ်ကိုရရှိခဲ့တာပါ။ တီမောနဲ့ ပွဲက  အမှားတချို့ကို အချိန်မီ ပြင်ဆင်နိုင် ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာပါ။ ဒါပေမဲ့ ခံစစ်ပိုင်း အားနည်းချက် တချို့ကို ဆက်ပြီး  ပြင်ဆင်ရဦးမှာပါ။ ပြိုင်ပွဲက မပြီးသေးပါဘူး'' ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

 မြန်မာယူ-၁၉ အသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ထိုင်းအသင်းနှင့် ဇူလိုင် ၁၂ရက်တွင် ယှဉ်ပြိုင်ကစား ရမည် ဖြစ်ကြောင်း သိရသည်။               

Read 19 times Last modified on Thursday, 12 July 2018 09:55