SJ WorldNews - шаблон joomla Авто

လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲအတွက် ဇူလိုင် ၂၅ ရက်တွင် ကြိုတင် လက်မှတ် စတင် ရောင်းချမည်

Thursday, 12 July 2018 09:46 font size decrease font size decrease font size increase font size increase font size

မန္တလေး ဇူလိုင် ၁၁

မြန်မာနိုင်ငံမှ  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ်ဖလား (ALPINE CUP 2018) ပြိုင်ပွဲ အတွက်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ပြီး ဇူလိုင်၂၅ရက်တွင် ကြိုတင် လက်မှတ်များ  စတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာယူ-၂၃ အသင်း၏ အာရှ အားကစားပွဲတော် အကြိုပြင်ဆင်မှုအဖြစ်  လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို  ALPINE သောက်ရေသန့်၏ စပွန်ဆာဖြင့် သြဂုတ် ၁ ရက်မှစတင်ကာ မန္တလေးမြို့ မန္တလာ သီရိအားကစားကွင်း၌  ကျင်းပမည်ဖြစ်သည်။

အဆိုပါလေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၃၊ ထိုင်းယူ-၂၃၊ ဘာရိန်း ယူ-၂၃၊ တောင်ကိုရီးယား ယူ-၁၉ အသင်း လေးသင်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်မှတ် ဈေးနှုန်းများကို   ထုတ်ပြန်ခဲ့ရာ အထူးတန်း ငွေကျပ် ၃၀၀၀ ၊ ရိုးရိုးတန်း ငွေကျပ်၂၀၀၀ အဖြစ် သတ်မှတ် ထားသည်။ လက်မှတ်များကို  မန္တလေးမြို့ရှိ ဗထူးကွင်းနှင့်  အမျိုးသား ဘောလုံး အကယ်ဒမီတို့တွင် ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်တစ်စောင်ကို နှစ်ပွဲကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ယူ-၂၃အသင်းသည် သြဂုတ် ၁ ရက်တွင် တောင်ကိုရီးယား ယူ-၁၉၊ သြဂုတ် ၃ရက်တွင် ဘာရိန်းယူ-၂၃၊ သြဂုတ် ၅ ရက်တွင် ထိုင်းယူ-၂၃ အသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။                          

တီတီ

Read 21 times Last modified on Thursday, 12 July 2018 09:52