SJ WorldNews - шаблон joomla Авто

ဆီမီးဖိုင်နယ်တွင် ထိုင်းကိုရှုံးနိမ့်ပြီး မြန်မာ အမျိုးသမီးအသင်း ဗိုလ်လုပွဲနှင့်လွဲချော်

Thursday, 12 July 2018 09:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၁

အင်ဒိုနီးရှားနိုင်ငံ၌  ကျင်းပလျက်ရှိသည့် ၂၀၁၈  အာဆီယံအမျိုးသမီး  ချန်ပီယံရှစ်ပြိုင်ပွဲ    ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အမျိုး သမီးအသင်းသည် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယနေ့တွင်  ယှဉ်ပြိုင် ကစားရာ   ၃ဂိုး -  ၁ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ပွဲထွက် ကစားသမားစာရင်းတွင် ၀င်းသိင်္ဂီထွန်း၊ ခင်မိုးဝေ၊ ခင်မာ လာထွန်း၊ ခင်သန်းဝေ၊ သန်းသန်းထွေး စသည့် ၀ါရင့် ကစားသမားအစုံအလင်ဖြင့် ရင်ဆိုင်ခဲ့သည်။  

ပထမပိုင်းတွင် မြန်မာအသင်းက တိုက်စစ် ဆင်ကစားခဲ့ပြီး ကစားကွက်တည် မရသေးသည့် ထိုင်းအသင်း အားနည်းချက်ကို အခွင့်ကောင်းယူကာ ပွဲချိန် ၂၄ မိနစ်တွင် ခင်မိုးဝေက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်း နောက် ထိုင်းအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူလာပြီး  ပွဲချိန် ၃၅  မိနစ်တွင် ကန်ဂျီနာက ချေပဂိုး သွင်းယူခဲ့ကာ ပထမပိုင်း အပြီးတွင် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားအားကျသွားပြီး ထိုင်းအသင်း၏ တိုက်စစ်ဆင်မှုကိုသာ ကာကွယ် နေခဲ့ရသည်။  ထိုင်းအသင်း က ပွဲချိန် ၅၂ မိနစ်နှင့် ပွဲချိန် ၆၃ မိနစ်တို့တွင် နှစ်ဂိုးသွင်းယူပြီး ပွဲကိုဦးဆောင်နိုင် ခဲ့ကာ ပွဲပြီးသည်အထိ   မြန်မာအသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခြင်းမရှိသောကြောင့် ထိုင်းအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် သြစတြေးလျ ယူ-၂၀ အသင်းက ဗီယက်နမ် အသင်းကို ၄ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဗိုလ်လုပွဲကို ထိုင်းနှင့် သြစတြေးလျ ယူ-၂၀ အသင်းတို့   တက်ရောက် နိုင်ခဲ့ကာ   တတိယနေရာလုပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ဇူလိုင် ၁၃ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။                             

တီတီ

Read 13 times Last modified on Thursday, 12 July 2018 09:46