SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် ကချင်ပြည်နယ် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ကျင်းပ

Wednesday, 11 July 2018 11:07 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  ဇူလိုင်   ၁ဝ

၂ဝ၁၈ ခုနှစ် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဧရာရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်းအတွင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် ဧဒင်အမျိုးသမီးအသင်းနှင့် ထစ်ချုံးဖြိုး အမျိုးသမီး(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရရှိသည်။ ယင်းပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် အသင်းခုနစ်သင်း   ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့      ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ပြည်နယ်ဒုတိယဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး  ဦးသိန်းဝင်းနှင့်   တာဝန်ရှိသူများ တက်ရောက်အားပေး ကြည့်ရှုကြသည်။

ထို့ပြင် ပြိုင်ပွဲ၌ဆုရရှိသော အသင်းများကို ညနေ ၅ နာရီတွင် ဆုများပေးအပ်မည်ဖြစ်ပြီး  နေပြည်တော်ကောင်စီနယ်မြေ၌  သြဂုတ် ၈ ရက်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ   အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ တွင် ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး အပြီးသတ် လူရွေးချယ်မှုများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read 32 times Last modified on Wednesday, 11 July 2018 11:08