SJ WorldNews - шаблон joomla Авто

စပိန် တိုက်စစ်မှူး တောရက်စ် ဂျပန်ကလပ် ဆာဂန်တိုဆူ အသင်းသို့ ပြောင်းရွှေ့

Wednesday, 11 July 2018 10:39 font size decrease font size decrease font size increase font size increase font size

ဆာဂန် ဇူလိုင် ၁၀

အက်သလက် တီကိုနှင့် လီဗာပူးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်သည် လာမည့်ရာသီသစ်တွင် ဂျပန် ဂျေဝမ်းလိဂ် ကလပ်ဖြစ်သော ဆာဂန်တိုဆူအသင်းသို့ ပြောင်းရွှေ့ကစားရန် စာချုပ်ချူပ် ဆိုခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က အက်သလက်တီကိုနှင့် စာချုပ် သက်တမ်းကုန်ဆုံးပြီး အသင်းမှထွက်ခွာ ခဲ့သော  တောရက်စ်ကို အမေရိကနှင့်  သြစတြေးလျ လိဂ်ရှိ အသင်းများက  ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း သူငယ်ချင်းဖြစ်သော စပိန်အသင်းဖော်ဟောင်း အင်နီယေစတာရှိရာ  ဂျေလိဂ်သို့ပြောင်းကစားရန် ဆုံးဖြတ်ခဲ့သည်။

ယမန်နေ့က  ဆာဂန်တိုဆူအသင်းနှင့် စာချုပ်အပြီးတွင် တောရက်စ်က ''ကျွန်တော့်ကို ပြင်သစ်၊ ဂျာမနီကလပ်တွေ အပြင် စပိန်ကလပ်တွေကလည်း ကမ်းလှမ်းမှုတွေရှိခဲ့တယ်။ ကျွန်တော်က နောက်ထပ်   ဥရောပအသင်း တစ်သင်းဆီကို  ပြောင်းချင်စိတ်မရှိ တော့ဘူး။  အက်သလက်တီကိုအသင်းမှာ အကောင်းဆုံးစွမ်းဆောင်ပေးပြီး လမ်းခွဲ နိုင်ခဲ့တယ်။  ဂျပန်မှာ  သူငယ်ချင်းဖြစ်တဲ့  အင်နီယေစတာလည်း ကစားနေလို့ ဂျေလိဂ်ဝမ်းမှာ  ကျွန်တော် တို့ နှစ်ယောက်အတွက်  စိန်ခေါ်မှုအသစ်က စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်''ဟု ပြောသည်။

အင်နီယေစတာနှင့် ပိုဒေါစကီးတို့သည် ဗစ်ဆယ် ကိုဘေးအသင်းတွင် ကစားနေကြပြီး တောရက်စ်သည် ဆာဂန်တိုဆူ အသင်းအတွက် အိမ်ကွင်းပွဲဦးထွက်အဖြစ် ဇူလိုင်၂၁ ရက်တွင်  စတင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ဆာဂန်တိုဆူ အသင်းသည်   ပြီးခဲ့သည့် မေလကုန်ကတည်းက တောရက်စ်အသင်းသို့ ရောက်လာမည်ဟု စာချုပ်မချုပ်ရသေးမီ အသင်းဝက်ဘ်ဆိုက်တွင် တင်ခြင်းကြောင့် တောင်းပန်ကာ ထိုသတင်းကို

ပြန်ဖျက် ခဲ့ပြီး   ယခုမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျေလိဂ်တွင် အာရှတိုက်မှ မဟုတ်သော ကစားသမား နှစ်ဦးအထိခေါ်ခွင့်ရှိပြီး  ဆာဂန်တိုဆူအသင်းတွင်  တောရက်စ်အပြင် ကိုလံဘီယာနိုင်ငံသား အီဘာဘို ကိုလည်း ခေါ်ယူထားသည်။      

Read 19 times Last modified on Wednesday, 11 July 2018 10:40