SJ WorldNews - шаблон joomla Авто

စီရော်နယ်ဒို ဂျူဗင်တပ်စ် သို့ ပြောင်းလာလျှင် အံ့သြမည်မဟုတ်ဟု ဘူဖွန်ဆို

Wednesday, 11 July 2018 10:38 font size decrease font size decrease font size increase font size increase font size

ပဲရစ်   ဇူလိုင်  ၁၀

ဂျူဗင်တပ်စ်မှ ထွက်ခွာပြီး လက်ရှိ တွင် ပီအက်စ်ဂျီ အ င်းသို့ အလွတ် ပြောင်းရွှေ့သွားသည့်    အီတလီ  ၀ါရင့်ဂိုး သမားကြီး ဘူဖွန်က စီရော် နယ်ဒို ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာလျှင် အံ့သြမိမည်မဟုတ်ကြောင်းနှင့်   ၀မ်းသာ ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောသည်။   လက်ရှိတွင် ဂျူဗင်တပ်စ်အသင်းသည် စီရော် နယ်ဒိုကို ပေါင် ၈၈ သန်းပေးပြီး ခေါ်ယူရန် ညှိနှိုင်းမှုများပြုလုပ်နေပြီး မကြာမီ သဘောတူညီမှုရနိုင်တော့မည်ဟု  သိရသည်။

ဘူဖွန်က ''ဂျူဗင်တပ်စ်နဲ့ အီတလီ ဘောလုံးလောကအတွက် စံပြကစား သမားမျိုး လိုအပ်နေချိန်မှာ စီရော်နယ်ဒို ဂျူဗင်တပ်စ်ကိုရောက်လာရင် ၀မ်းသာစရာပါ။  သူက ကျွန်တော် ချန်ပီယံလိဂ်ဖလား   မရနိုင်အောင် ဂိုးတွေ သွင်းခဲ့သူဖြစ်ပေမယ့်    သူဂျူဗင်တပ်စ်ကို   ပြောင်းလာခဲ့ရင် ပျော်ရွှင်မိမှာပါ။ ဂျူဗင်တပ်စ်အသင်းမှာ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာကလည်း   စီရော်နယ်ဒိုလို ကစားသမားဖြစ်ပါတယ်။ သူပြောင်း လာခဲ့တယ်ဆိုရင် ကျွန်တော် ကတော့ မအံ့သြပါဘူး''ဟု  ဂျူဗင်တပ်စ်နှင့် စီးရီးအေဖလား ၁၁  လုံးရခဲ့သည့် ဘူဖွန်ကပြောသည်။ 

Read 19 times Last modified on Wednesday, 11 July 2018 10:39