SJ WorldNews - шаблон joomla Авто

မြန်မာဗိုဗီနမ်အဖွဲ့ ဗီယက်နမ်နည်းပြ နှစ်ဦး ငှားရမ်းမည်

Thursday, 14 June 2018 09:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၃

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်နေသော မြန်မာဗိုဗီနမ် အားကစားသမားများအား လေ့ကျင့်ပေးရန် ဗီယက်နမ်နည်းပြနှစ်ဦးကို ဗိုဗီနမ်အဖွဲ့ချုပ်မှ ငှားရမ်းပေးမည်ဖြစ်ပြီး အဆိုပါ နည်းပြနှစ်ဦးမှာ ဇွန်လနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ် အတွင်းရေး မှူးဦးအောင်နိုင်ဦးထံမှ သိရသည်။

မြန်မာဗိုဗီနမ်အသင်းသည် ပဏာမ ကစားသမား ၃ဝ ဦး (အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၂ ဦး) ဖြင့် မေ ၁၅ ရက်က စတင်၍ နေပြည်တော်ရှိ အားကစားရွာ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ပြိုင်ပွဲ တွင် ဆုတံ ဆိပ်ရရှိနိုင်ရေး ပြည်ပနည်းပြ ငှားရမ်းအသုံးပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

''အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားတွေကို ဗီယက်နမ်နည်းပြ နှစ်ဦးငှားပြီး လေ့ကျင့်ပေးမှာပါ။ နည်းပြတွေက ဇွန်လနောက်ဆုံးပတ်မှာ ရောက်မှာပါ'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။ (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ ဗိုဗီနမ်ကစားနည်းတွင် အတိုက်ကစား နည်း၌ အမျိုးအစားခုနစ်မျိုးနှင့် အပြပြိုင်ပွဲတွင် အမျိုးအစား ၁ဝ မျိုးစုစုပေါင်း ၁၇ မျိုးထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Thursday, 14 June 2018 09:59