SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၉ အသင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား

Thursday, 14 June 2018 08:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၃

၂ဝ၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှု များပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် စတုတ္ထ ခြေစမ်းပွဲအဖြစ် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ   ဗဟန်းမြက်ခင်းတုကွင်း၌ MNL ကလပ်  ဟံသာဝတီ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် စင်ကာပူ ခြေစမ်းခရီးစဉ် မသွားရောက်မီ နောက်ဆုံး ခြေစမ်းပွဲအဖြစ်  ယှဉ်ပြိုင်ကစား ခြင်းဖြစ်ပြီး ခြေအသာဖြင့် ကစားနိုင်သော်လည်း အဆုံးသတ် အားနည်းသောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သော ယူ-၁၈ အသင်းမှ ကစားသမားများအပါအဝင်  လူစုံအသုံးပြု ခဲ့သော်လည်း ဇွန် ၁၁ ရက်မှ လူစုံလေ့ကျင့်နိုင်သောကြောင့် ယခုပွဲတွင်  ရလဒ်ကောင်းရယူ နိုင်ခြင်း မရှိခဲ့ပေ။

ဟံသာဝတီအသင်းသည် ဇွန် ၁ဝ ရက်တွင် မကွေးအသင်းနှင့် အမှတ်ပေးပွဲ ကစားထားရသောကြောင့်   ယင်းပွဲ တွင် ကစားခဲ့သည့် ကစားသမားများကိုအသုံးပြုခြင်းမရှိဘဲ အရန် ကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။ ဟံသာဝတီ အသင်းအတွက် အနိုင်ဂိုးများကို ၆၃၊ ၈၈ မိနစ်တွင် အောင်မျိုးသူရက သွင်းယူခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲလေးပွဲ ကစားထားပြီး  ပထမတန်းကလပ်  မောရဝတီ အသင်းကို  ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရကာ MNL ကလပ် အသင်းများဖြစ်သည့် ဇွဲကပင်အသင်းကို ၃ဂိုး- ၂ဂိုး၊ ရတနာပုံ အသင်းကို ၃ဂိုး- ၁ဂိုး၊  ဟံသာဝတီ အသင်းကို ၂ ဂိုး-ဂိုးမရှိတို့ဖြင့် ရှုံးနိမ့်ထားသည်။

Read 10 times Last modified on Thursday, 14 June 2018 08:33