SJ WorldNews - шаблон joomla Авто

မြန်မာနှင့် ထိုင်းအမျိုးသမီး ခြေစမ်းပွဲ တစ်ဂိုးစီ သရေကျ

Wednesday, 13 June 2018 09:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၂

၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်နေသည့် မြန်မာအမျိုးသမီး အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းတွင်  ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့် ယှဉ်ပြိုင် ကစားရာ  တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် နည်းပြချုပ်သစ် ဦးဝင်းသူမိုး လက်ထက် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် ထိုင်း အသင်း နှင့်ယှဉ်ပြိုင်ကစားရာ သရေ ကျခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်း၏ ပွဲထွက်လူစာရင်းတွင် အမာခံ ကစားသမားများ အစုံ အလင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ကစားသမားအများစုလဲလှယ် အသုံးပြုခဲ့သည်။ ထိုင်းအသင်း မှာလည်း လူစုံနီးပါးအသုံးပြုခဲ့ပြီး အိမ်ရှင်ဖြစ်သောကြောင့် ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ကစားကွက်အရ မရှုံးသော်လည်း တစ်ဦးချင်းဘောလုံးအပျက်များခြင်း၊ ဘောလုံး ပေးပို့မှု မှားယွင်းခြင်းတို့ကြောင့် တိုက်စစ်ပုံ ဖော်ရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်။ ၄၈ မိနစ်တွင် ထိုင်းအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ကန်ဂျာနာက သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းအတွက် ချေပဂိုးကို ၈၁ မိနစ်တွင် ဂျူလိုင်ကျော်က သွင်းယူခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး ဒုတိယပွဲအဖြစ် ဇွန် ၁၄ ရက်တွင် ထိုင်းအမျိုးသမီးကလပ် ချောင်ဘူရီအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Read 27 times Last modified on Wednesday, 13 June 2018 10:36