SJ WorldNews - шаблон joomla Авто

စပိန်ဂရင်းပရီတွင် မာစီဒီးအသင်းမှ ဟာမီလ်တန် ဗိုလ်စွဲ

Thursday, 17 May 2018 10:34 font size decrease font size decrease font size increase font size increase font size

ကက်တလန် မေ ၁၆

ကက်တလန်ဒေသ၌ မေ ၁၃ ရက်က ယှဉ်ပြိုင်သော ဖော်မြူလာဝမ်းကားပြိုင်ပွဲတွင် မာစီဒီးအသင်းမှ ဗြိတိန် ပြိုင်ကားချန်ပီယံ ဟာမီလ်တန်က ထိပ်ဆုံးမှပန်းဝင်ကာ ဗိုလ်စွဲနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ပထမတစ်ပတ်မှာပင် ပြိုင်ကားတစ်စီး ဆိုးဆိုးရွားရွား တိမ်းမှောက်ခဲ့သလို ကားတိုက်မှုများစွာ ရှိခဲ့သည့်ကြားမှ ဟာမီလ်တန်မှာ အမှားအယွင်းမရှိဘဲ နောက်ဆုံး ဂရင်း ပရီပြိုင်ပွဲ နှစ်ပွဲဆက်တိုက် အနိုင်ရဗိုလ်စွဲနိုင်ခြင်း ဖြစ်သည်။

ဟာမီလ်တန်မှာ အနိုင်ရဗိုလ်စွဲ သွားခြင်းကြောင့် ဖာရာရီအသင်းမှ အဓိကပြိုင်ဘက် ဆီဗက်စတီယန် ဗက်တယ်ကို ၁၇ မှတ်ဖြတ်ကာ ပြိုင်ကားသမားစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နိုင် ခဲ့သည်။ ဗက်တယ်သည် ယခုပွဲတွင် စတုတ္ထနေရာမှသာ ပန်းဝင်နိုင်ခဲ့ပြီး ၎င်း၏ ကားတာယာမှာ အပူလွန်ကာ ပျက်စီးခဲ့ခြင်းကြောင့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အသင်းေ ဖ်ာရိတ်ကိုနန်၏ ကားသည်လည်း ပတ်လမ်း ၂၄ ပတ် တွင် စက်ချွတ်ယွင်းသဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဗက်တယ်က မိမိအသင်းနည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေခြင်းအတွက် ပြန်လည်ဝေဖန်ခဲ့ပြီး အသင်းက ကားတာယာကို မြန်နှုန်းမြင့်စေရန် တီထွင်ခဲ့သော်လည်း ရေရှည် မခံခြင်းကြောင့် မိမိ၏ ချန်ပီယံ မျှော်လင့်ချက် ထိခိုက်ခဲ့သည်ဟု ဝေဖန်သည်။

Read 57 times Last modified on Thursday, 17 May 2018 10:35