SJ WorldNews - шаблон joomla Авто

AFC Coaching Certificate Course သင်တန်း ဆင်းပွဲ ကျင်းပ

Thursday, 17 May 2018 10:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၆

အာရှဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ကြီးမှူးဖွင့်လှစ်သည့် AFC Coaching Certificate Course သင်တန်းဆင်းပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံေ ဘာလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ အာရှဘောလုံး အဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်တို့က အမှာစကား ပြောကြားပြီး တက်ရောက်သင်ကြားသော သင်တန်းသား ၂၄ ဦးကို သင်တန်းဆင်း လက်မှတ် ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် AFC အသိအမှတ်ပြု 'C'၊ 'B'၊'A' လိုင်စင်များကို အာရှဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး လက်ရှိတွင် AFC 'B' လိုင်စင်သင်တန်းကို ဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

Read 23 times Last modified on Thursday, 17 May 2018 10:34