SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနည်းပြ အန်တွမ်နီဟေးနှင့် အဖွဲ့ကို တစ်နှစ်ခွဲ စာချုပ် ချုပ်ဆို

Thursday, 17 May 2018 10:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် မြန်မာ့လက်ရွေးစင်နှင့် မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ်နေရာတွင် ဂျာမနီနိုင်ငံသား နည်းပြအန်တွမ်နီဟေးနှင့် နည်းပြအဖွဲ့ကို တစ်နှစ်ခွဲ သက်တမ်းရှိ စာချုပ်ဖြင့် ချုပ်ဆို နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် စာချုပ်ချုပ်ဆိုမှုအဖြစ် နည်းပြချုပ် အန်တွမ် နီဟေး၊ လက်ထောက်နည်းပြ ခီမယ်ဟာလက်၊ ဂိုးနည်းပြ ကာစတန်ဟာဇော့နှင့် မြန်မာနိုင်ငံသား လက် ထောက်နည်းပြ ဦးစိုးမြတ်မင်းတို့ကို တစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

''လာမယ့်တစ်ပတ်မှာ အသင်းကိုစတင်စခန်းသွင်းမှာပါ။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နဲ့ ဆွေးနွေးခဲ့တော့ မြန်မာအသင်းရဲ့ပွဲစဉ်တွေ ကြည့်ရတယ်။ အဓိကက ဘောလုံးကို ချစ်မြတ်နိုးတဲ့ မြန်မာဘောလုံး ပရိသတ်တွေ အများကြီးရှိတာက အားဖြစ်စေတယ်။ ကစားသမား ရွေးချယ်မှု အပိုင်းမှာ ကစားသမားတွေရဲ့ အရည်အချင်းနဲ့ လုပ်ေ ဆာင်တာကို ကြည့်ပြီး ရွေးချယ်မှာပါ'' ဟု နည်းပြချုပ် အန်တွမ်နီဟေးကပြောသည်။ အသက် ၄၇ နှစ်အရွယ် ဂျာမနီနည်းပြ အန်တွမ်နီဟေး (Antoine Hey) သည် ကစားသမား ဘဝက ကွင်းလယ်ကစားသမားအဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ်ဒက်ဆယ် လ်ဒေါ့ဖ်၊ ရှော်ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်အစရှိသည့် ကလပ် များတွင် ပါဝင် ကစားခဲ့ပြီး ၂ဝဝ၄ ခုနှစ်က အနားယူခဲ့သည်။

ယင်းနောက် နည်းပြအဖြစ် ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာနှင့် ရဝမ်ဒါ အစရှိသည့် အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာ အဖြစ် လည်း ဘာရိန်းဘောလုံး အ ဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယားဘောလုံး အဖွဲ့ချုပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

'' MFF အနေနဲ့ လာလျှောက်ထားတဲ့ ဂျာမနီ၊ ဆားဗီးယား၊ မက်ဆီဒိုးနီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံအသီးသီးက နည်းပြ ၇ဝ ကျော်ထဲက ရွေးချယ်ထားတာပါ။ လက်ရွေးစင်အသင်းကို ကိုင် တွယ်ဖူးတဲ့ နည်းပြကိုဦးစားပေးတယ်။ နောက်ပြီး ကျွန်တော်တို့မေးတဲ့ မေးခွန်း ၁၂ ခုအတွက်ကြောင့်လည်း သူ့ကိုရွေးချယ်တာဖြစ်ပါတယ်'' ဟု MFF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောသည်။

Read 45 times Last modified on Thursday, 17 May 2018 10:28