SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ စတင် ကျင်းပ

Thursday, 17 May 2018 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံ  ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ အလားအလာ ကောင်းမွန်သည့်  လူငယ် အားကစားသမားများ မွေးထုတ်စုစည်း ပေးနိုင်ရန်နှင့်  အနာဂတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင် အားကစားသမားများ  ပေါ်ထွက်လာစေရန်ရည်ရွယ်၍  ၂ဝ၁၈ ခုနှစ်   တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘိလိယက်ရုံ၌ကျင်းပသည်။

ရှေးဦးစွာ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက  အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာတစ်ဦးချင်း ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၄ သင်းမှ အားကစားသမား စုစုပေါင်း ၁၃၄ ဦးတို့မှ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် စနူကာ တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲ ပြိုင်ပွဲများကို  မေ  ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဘိလိယက်ရုံတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

Read 24 times Last modified on Thursday, 17 May 2018 08:50