SJ WorldNews - шаблон joomla Авто

မြန်မာနေရှင်နယ်လိဂ် ယူ -၂ဝ လူငယ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့ ပြန်လည် ကျင်းပမည်

Wednesday, 16 May 2018 11:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၁၅

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် အသက်၂ဝ နှစ်အောက် လူငယ်အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့ ပွဲစဉ်များကို ဇွန် ၃ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။

မြန်မာနေရှင်နယ်လိဂ် ယူ-၂ဝ အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ်များကို ဇွန် ၃ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဒုတိယအကျော့ ပထမဆုံးပွဲစဉ်၌ ငွေကြယ်ပွင့်လေးများ အသင်းနှင့် မောရဝတီအသင်း၊ တက္ကသိုလ်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်း၊ ကချင်ယူနိုက်တက် အသင်း နှင့် ISPE(B) အသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပထမအကျော့အပြီးတွင် ISPE(B) အသင်းက ရမှတ် ၁၆ မှတ်ဖြင့် ရာသီဝက် ချန်ပီယံဖြစ်ခဲ့သည်။ အဆင့်(၂) နေရာတွင် ရမှတ် ၁၅ မှတ်ဖြင့် ဒဂုံအက်ဖ်စီ၊ အဆင့်(၃)တွင် ရမှတ် ၁၃ မှတ်ဖြင့် တက္ကသိုလ်အသင်း၊ အဆင့်(၄)တွင် ရမှတ်ခြောက်မှတ်ဖြင့် ရွိုင်ရယ်သန်လျင်၊ အဆင့်(၅)တွင် ရမှတ်ငါးမှတ်ဖြင့် ငွေကြယ်ပွင့် လေးများ အသင်း၊ အဆင့် (၆)တွင် ရမှတ်လေးမှတ်ဖြင့် မောရဝတီအသင်းနှင့် အဆင့်(၇)တွင် ရမှတ် တစ်မှတ်ဖြင့် ကချင်ယူနိုက်တက်အသင်းတို့ ရပ်တည်နေသည်။

အဆိုပါ ပြိုင်ပွဲသည် မြန်မာနေရှယ်နယ်လိဂ်(၂) အသင်းများမှ လူငယ်အသင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင် နေခြင်းဖြစ်သည်။

Read 50 times Last modified on Wednesday, 16 May 2018 11:35