SJ WorldNews - шаблон joomla Авто

ရခိုင်ယူနိုက်တက် အသင်းနှင့် မြဝတီ အသင်းပွဲစဉ်မှ ဖြစ်ရပ်များကို အရေးယူ

Thursday, 12 April 2018 13:29 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁ဝ) အဖြစ် ဧပြီ ၄ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်း ဝေသာလီအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရခိုင်ယူနိုက်တက် အသင်းနှင့် မြဝတီအသင်းတို့၏ ပွဲစဉ်တွင် ပွဲချိန်အတွင်းနှင့် ပွဲအပြီးဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းက၂ ဂိုး-၁ ဂိးု ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲ၏ ပွဲချိန် ၈၈ မိနစ်တွင် မြဝတီ အသင်းအား ပယ်နယ်တီ သတ်မှတ်ပေးခဲ့သည်ကို ကျေနပ်ခြင်းမရှိသည့် ရခိုင်ယူနိုက်တက်အသင်း၏ အရန်ကစားသမား စည်သူသန်းစိုးက အရန်ကစားသမားများ သွေးပူလေ့ကျင့်ခန်း ပြုလုပ်သောနေရာမှ ကစားကွင်းစည်းနားအထိ ပြေးသွားကာ ကြမ်းတမ်းပြင်းထန်စွာ စောဒကတက်ခဲ့သည့်အတွက် ကွင်းလယ်ဒိုင်မှ အဝါကတ်ပြသခဲ့သည်။ ထို့ပြင် ပွဲအပြီး ကစားသမားများ လက်ဆွဲနှုတ်ဆက်ရာမှ တစ်ဦးနှင့်တစ်ဦး နားလည်မှု လွဲကာ  စကားများကြရာ မြဝတီအသင်းဂိုးနည်းပြ ဦးသီဟန်ကျော်က ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆန်းဒေး၏ မျက်နှာကို ရေသန့်ဘူးဖြင့် ပစ်ပေါက်သောကြောင့် အချင်းများကြပြီး ပြိုင်ပွဲ တာဝန်ရှိသူများက ဝိုင်းဝန်း ဖျန်ဖြေခဲ့ကြရသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ အနေဖြင့် ယနေ့ နံနက်ပိုင်းက စစ်ဆေးမှုပြုလုပ်ကာ ရခိုင်ယုနိုက်တက်အသင်းမှ ကျောနံပါတ် (၈၈) စည်သူသန်းစိုးအား စည်းကမ်းထိန်းသိမ်းရေး မူ အပိုဒ် ၁၀ အရ အနီးစပ်ဆုံး သုံးပွဲပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ငွေကျပ်သုံးသိန်း ပေးဆောင်ရန်၊ မြဝတီအသင်းမှ ဂိုးနည်း ပြ ဦးသီဟန်ကျော်အား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၆)အရ အနီးစပ်ဆုံးသုံးပွဲ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ငွေကျပ် သုံးသိန်းပေးဆောင်ရန်၊နှစ်ဖက်အသင်း အုပ်ချုပ်နည်းပြများ အနေဖြင့် ဥပဒေကို လိုက်နာခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်ပါက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

အိမ်ရှင်အသင်းအနေဖြင့် နောင်ပြိုင်ပွဲများတွင် MNL I & II Regulation၂ဝ၁၈ အပိုဒ်၇(ဆ) နှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

Read 65 times Last modified on Thursday, 12 April 2018 13:30