SJ WorldNews - шаблон joomla Авто

ဝီဂျစ်နှင့် အနိုင်အရှုံး ပေါ်အောင် ယှဉ်ပြိုင်ချင်သေးကြောင်း စိုးလင်းဦး ဖွင့်ဟပြော

Thursday, 12 April 2018 13:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် ဧပြီ ၈ ရက်က ယှဉ်ပြိုင်ခဲ့သော မွေထိုင်းလက်ဝှေ့သမား ဝီဂျစ်နှင့် အနိုင်အရှုံး ပြတ်သားအောင် ယှဉ်ပြိုင်ချင်ကြောင်း ပြောသည်။

စိုးလင်းဦးနှင့်ဝီဂျစ်တို့သည် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ယှဉ်ပြိုင်ခဲ့ရာတွင် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။

''ဝီဂျစ်နဲ့ကျွန်တော်က ဝိတ်တန်းကွာတယ်။ အဲဒီအတွက် သူ့ကိုအလဲထိုးနိုင်ဖို့က ခက်ခဲတယ်။ ဝီဂျစ်နဲ့ အနိုင်အရှုံးပေါ်ဖို့ ထပ်ယှဉ်ပြိုင်ချင်ပါတယ်။ ဝိတ်တန်းကွာနေတာကြောင့် ငါးချီအတွင်းမှာ ဝီဂျစ်ကို အလဲထိုးဖို့ဆိုတာတော့ ခက်ခဲပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိနေတာဆိုတော့ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပရိယာယ်ထဲ ဝင်မသွားအောင် ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သူနဲ့ အနိုင်အရှုံးပေါ်အောင်တော့ ယှဉ်ပြိုင်ချင်ပါတယ်'' ဟု စိုးလင်းဦးကပြောသည်။

စိုးလင်းဦးနှင့်ဝီဂျစ်တို့သည် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲအဖြစ် သုံးကြိမ်တိုင် ယှဉ်ပြိုင်ခဲ့ဖူးပြီး သုံးကြိမ်စလုံးတွင် ပူးတွဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Read 51 times Last modified on Thursday, 12 April 2018 13:12