SJ WorldNews - шаблон joomla Авто

တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် တစ်ဦးချင်း ပထမဆုကို အရှေ့ ပိုင်း တက္ကသိုလ်မှ မိုးဝင်းကျော်က ဆွတ်ခူး

Thursday, 12 April 2018 13:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့တွင်ကျင်းပရာ တစ်ဦးချင်း ပထမဆုကို အရှေ့ပိုင်းတက္ကသိုလ်မှ မိုးဝင်းကျော်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက်ဆုံးနေ့ပွဲစဉ်များ အပြီးတွင် ဆုရရှိသည့် ကစားသမားများ ထွက်ပေါ်လာခဲ့ပြီး အမျိုးသားတစ်ဦးချင်း အသင်းလိုက် ပထမဆု မိုးဝင်းကျော် (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)၊ ဒုတိယဆု ဟန်မင်းစိုး (နည်းပညာတက္ကသိုလ်-မန္တလေး)၊ တတိယဆု ထက်ဇော်ဖုန်း (ဒဂုံတက္ကသိုလ်)၊ စတုတ္ထဆု စည်သူလွင် (မန္တလာဒီဂရီကောလိပ်)၊ပဉ္စမဆု သော်ဇင်ထက် (ရတနာပုံတက္ကသိုလ်)၊ ဆဋ္ဌမဆု ရောင်ရှူး (နည်းပညာတက္ကသိုလ်ပင်လုံ)၊ သတ္တမဆု စွမ်းလျန်ဆုမ်း (ရတနာပုံတက္ကသိုလ်)၊ အဋ္ဌမဆု မောရှေ (ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)၊ နဝမဆု ဟောင်ဒိတ်သောင် (နည်းပညာတက္ကသိုလ်-ကလေး)၊ ဒသမဆု ပြည့်ဖြိုးကျော် (မန္တလာဒီဂရီ ကောလိပ်) တို့မှ ရရှိခဲ့သည်။

ထို့နောက် အသင်းလိုက်ဆုများအဖြစ် ပထမဆုကို ဒဂုံတက္ကသိုလ်က လည်းကောင်း၊ ဒုတိယဆုကို ရတနာပုံတက္ကသိုလ်က လည်းကောင်း၊ တတိယဆုကို ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က လည်းကောင်း ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Read 83 times Last modified on Thursday, 12 April 2018 13:09