SJ WorldNews - шаблон joomla Авто

နွေရာသီ အခြေခံ အားကစား သင်တန်းများတွင် သင်တန်းသား တစ်သိန်းကျော် တက်ရောက်

Tuesday, 13 March 2018 11:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်လျက်ရှိသော နွေရာသီအခြေခံ အားကစား သင်တန်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား တစ်သိန်းကျော် တက်ရောက်လျက်ရှိ ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ နွေရာသီ အားကစား သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ မြို့နယ်အသီးသီး၌ ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။ အသက် ၁ဝ နှစ်မှ ၁၄ နှစ်အထိ သင်တန်းသားများကို အားကစားနည်းပေါင်းစုံ သင်ကြားပေးလျှက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ရာ သင်တန်း သားတစ်သိန်းကျော် တက်ရောက်သင်ကြားနေကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်တန်းသားဦးရေ တစ်သိန်းကျော်တွင် ရန်ကုန် တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ နှစ်သောင်းကျော်စီဖြင့် သင်တန်းသား အများဆုံး ဖြစ်ကြောင်း သိရသည်။

Read 100 times Last modified on Tuesday, 13 March 2018 11:38