SJ WorldNews - шаблон joomla Авто

နည်းပြချုပ်ဟောင်း ဖေဘီယာနိုနှင့် ညှိနှိုင်းမှုပျက်ပြယ်သဖြင့် ဆောက်သမ်းမြန်မာ အသင်း ပြည်တွင်းနည်းပြ ဦးကျော်မင်းကိုခန့်အပ်

Saturday, 13 January 2018 11:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်န၀ါရီ ၁၂

ဆောက်သမ်းမြန်မာအသင်းသည် ၂ဝ၁၈ ဘောလုံးရာသီအတွက် နည်းပြချုပ်ဟောင်း ဖေဘီယာနိုကို ပြန်လည်ခေါ်ယူရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းနည်းပြကို ခန့်အပ်၍ ပြိုင်ပွဲဝင် မည်ဖြစ်ကြောင်း သိရသည်။ ဆောက်သမ်းမြန်မာ အသင်းသည် ယခုဘောလုံးရာသီအတွက် ပြည်ပနည်းပြ ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေသောကြောင့် ပြည်တွင်းနည်းပြ ဦးကျော်မင်းကိုသာ နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်အဆင့် ကစားသမား ရှစ်ဦးခန့်ကို ခေါ်ယူအားဖြည့်ထားပြီး ပြည်တွင်းကစားသမား ၂၅ ဦး၊ ပြည်ပကစားသမား နှစ်ဦးဖြင့် MPT MNL 2018 ပြိုင်ပွဲတွင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ဆောက်သမ်းမြန်မာအသင်း သည် ၂ဝ၁၈ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၅ ရက် ညနေ၃ နာရီခွဲတွင် မော်လမြိုင် အားကစားကွင်း၌ GFA အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Read 15 times Last modified on Saturday, 13 January 2018 11:15