SJ WorldNews - шаблон joomla Авто

ရန်ကုန်ယူနိုက်တက်အသင်း ရာသီသစ်မိတ်ဆက်ပွဲနှင့် စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ ကျင်းပမည်

Saturday, 13 January 2018 10:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ရန်ကုန်ယူနိုက်တက်အသင်း၏ ၂ဝ၁၈ ဘောလုံးရာသီအတွက် အသင်းမိတ်ဆက်ပွဲနှင့် စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို မကြာမီ ကျင်းပမည်ဖြစ်ကြောင်း အသင်းမီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်းထံမှ သိရသည်။ နှစ်စဉ်ပြုလုပ်သည့် ရန်ကုန်ယူနိုက်တက်အသင်း၏ ရာသီသစ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂ဝ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေရာကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ယင်းမိတ်ဆက်ပွဲတွင် အသင်း ပရိသတ်များ၊ အသင်း တာဝန်ရှိသူများနှင့် မြန်မာနေရှင်နယ်လိဂ် အသင်းတာဝန်ရှိသူများကို ဖိတ်ကြားမည်ဖြစ်သည်။ ထို့ပြင် ယင်းပွဲတွင် ၂ဝ၁၈ ခုနှစ်မှစ၍ ရန်ကုန်ယူနိုက်တက် အသင်း၏ စပွန်ဆာ သစ်များကို မိတ်ဆက်မည်ဖြစ်၍ အဓိက စပွန်ဆာအဖြစ် ပြီးခဲ့သည့်နှစ် စပွန်ဆာ  FNI နှင့်စာချုပ်ကုန်ဆုံး၍ ယခုနှစ်တွင် AGD Bank က ပေးအပ် မည်ဖြစ်သည်။ ဂျာစီစပွန်ဆာအဖြစ် ပြီးခဲ့သည့်နှစ် စပွန်ဆာ Grand Sport နှင့် စာချုပ်ကုန်ဆုံးပြီး ယခုနှစ်တွင်  FBT နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ကာ Official Drinking Water အဖြစ် PMG Drinking Water က ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ သုံးနှစ် Sponsor ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 19 times Last modified on Saturday, 13 January 2018 11:01