SJ WorldNews - шаблон joomla Авто

ထိုင်းကလပ်နှင့် ညှိနှိုင်းမှုအဆင်မပြေပါက ဇော်မင်းထွန်း အသင်းလက်မဲ့ဖြစ်ဖွယ်ရှိ

Saturday, 13 January 2018 10:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်ယူနိုက်တက် အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း နောက်ခံကစားသမား ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၁ ကလပ် ဆူဖန်ဘူရီအသင်းသို့ ပြောင်းရွှေ့ရန် ပြုလုပ်လျက်ရှိရာ ကြန့်ကြာမှုများရှိနေပြီး အဆင်မပြေပါက ၂ဝ၁၈ ဘောလုံးရာသီ ပထမ အကျော့တွင် အသင်းလက်မဲ့ ဖြစ်ဖွယ်ရှိသည်။ ဇော်မင်းထွန်းသည် ပြည်တွင်းပြည်ပ ကစားသမားများအား အေးဂျင့်ပြုလုပ်ပေးနေသူ ဒရာဂန်ဆိုသူနှင့် ချိတ်ဆက်ပြီး ထိုင်း လိဂ်-၁ကလပ် ဆူဖန်ဘူရီ အသင်းသို့ ပြည်တွင်း ကစားသမားများအနက် စံချိန်တင်လစာဖြင့်ပြောင်းရွှေ့ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ကြောင့် အသင်းပြောင်း ရန်ကြိုးစားနေသော ဇော်မင်းထွန်းကို ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ၂ဝ၁၈ ဘောလုံးရာသီ ပထမအကျော့အတွက် ကစားသမားမှတ်ပုံတင်ရာတွင် ချန်လှပ်ခဲ့သောကြောင့် ဇော်မင်းထွန်းအနေဖြင့် ဆူဖန်ဘူရီအသင်းနှင့် ညှိနှိုင်းမှုအဆင်မပြေပါက အသင်းလက်မဲ့ ဖြစ်ဖွယ်ရှိနေသည်။ ဇော်မင်းထွန်း အနေဖြင့် ဆူဖန်ဘူရီ အသင်းသို့ တစ်လလစာ အမေရိကန်ဒေါ်လာ ၉ဝဝဝ ဝန်းကျင်ဖြင့် ပြောင်းရွှေ့ရန် ကြိုးစားနေခြင်းကြောင့် ကျော်ကိုကိုနှင့် အောင်သူတို့ထက်ပင် လစာပိုများမည်ဖြစ်သည်။ နောက်ဆုံးသတင်းများအရ ထိုင်းလိဂ်-၁ပြိုင်ပွဲ၏ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ၂ဝ၁၈ ဇန်နဝါရီ ဒုတိယပတ်တွင် ပိတ်ဖွယ်ရှိနေကြောင်း သိရသည်။

Read 120 times Last modified on Saturday, 13 January 2018 10:54