SJ WorldNews - шаблон joomla Авто

ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်း နည်းပြချုပ်အဖြစ် ဦးကျော်ဒွန်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆို

Saturday, 13 January 2018 10:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းနည်းပြချုပ် ဦးကျော်ဒွန်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။ ''အသင်းကနေ ခုလို ကျွန်တော့်ကို သက်တမ်းတိုးလိုက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကိုယ့်ကိုလိုလိုလားလားနဲ့ တာဝန်ပေးအပ်တဲ့အတွက်လည်း ပိုကြိုးစားပြီး အသင်းအောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားမှာပါ''ဟု ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းနည်းပြချုပ် ဦးကျော်ဒွန်း ကပြောသည်။ ဦးကျော်ဒွန်းသည် ရန်ကုန်ယူနိုက်တက် အသင်းတွင် ကစားသမားဘဝဖြင့် ဖြတ်သန်းခဲ့ပြီးနောက် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ဘောလုံးရာသီအထိ ရန်ကုန်ယူနိုက်တက်ယူ-၂၁ အသင်းတွင် လက်ထောက်နည်းပြ အဖြစ်ပါဝင်ခဲ့သည်။ ယခု ၂ဝ၁၈ ရာသီတွင် ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းနည်း ပြချုပ်အဖြစ် စတင်ကိုင်တွယ်မည်ဖြစ်သည်။ ''မနှစ်က ကစားသမားဟောင်း ၁၂ ဦးလောက်ရှိတယ်။ ထပ်ပြီးရွေးချယ်ထားတဲ့ ကစားသမားတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်က စားသမားတွေပါတယ်။ တခြားအသင်းက လာရောက်အရွေးခံတဲ့ ကစားသမားတွေလည်း ပါတယ်။ အဲဒီကစားသမားတွေနဲ့ စစ်ကိုင်းယူနိုက်တက် ယူ-၂၁ အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။ ပြီးရင် အသင်းဖွဲ့စည်းမှုလည်း ရသွားအောင် ဇန်နဝါရီ ၁၅ ရက်မှာ ခြေစမ်းပွဲထပ်ကစားမယ်။ အဲဒီနောက်ပိုင်းတော့ ပြိုင်ပွဲနီးလာ ပြီဖြစ်တဲ့အတွက် အသင်းကို အကောင်းဆုံးပြင်ဆင်သွားမှာပါ'' ဟု ဦးကျော်ဒွန်း ကပြောသည်။

Read 101 times Last modified on Saturday, 13 January 2018 10:48