SJ WorldNews - шаблон joomla Авто

၂ဝ၁ ခုနှစ် ပထမအဆင့် စစ်တုရင် လက်ရည်စစ်ပြိုင်ပွဲ ဆုကြေးများထုတ်ပြန်

Saturday, 13 January 2018 10:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အောက်မြန်မာပြည်ဇုန် ၂ဝ၁၈ ခုနှစ် ပထမအဆင့် စစ်တုရင် လက်ရည်စစ် ပြိုင်ပွဲအတွက် ဆုကြေးများကို ထုတ်ပြန်ခဲ့ပြီး ပထမဆုအဖြစ် ငွေကျပ် နှစ်သိန်း ချီးမြှင့်မည်ဖြစ်ကာ စုစုပေါင်းဆု ၁ဝ ဆုချီးမြှင့်မည်ဖြစ်သည်။ T -Home Electronic မှ ဆုကြေးငွေများ ပံ့ပိုးကူညီမည်ဖြစ်ပြီး ပထမဆု ငွေကျပ် နှစ်သိန်း၊ ဒုတိယဆု ငွေကျပ် တစ်သိန်းငါးသောင်း၊ တတိယဆု ငွေကျပ် တစ်သိန်း နှစ်သောင်း၊ စတုတ္ထဆု ငွေကျပ် တစ်သိန်း၊ ပဉ္စမဆု ငွေကျပ် ရှစ်သောင်း၊ ဆဋ္ဌမဆု ငွေကျပ် ခုနစ်သောင်း၊ သတ္တမဆု ငွေကျပ်ခြောက်သောင်း၊ အဋ္ဌမဆု ငွေကျပ်ငါးသောင်း၊ နဝမဆု ငွေကျပ် လေးသောင်း၊ ဒသမဆုငွေကျပ် သုံးသောင်း ချီးမြှင့်မည်ဖြစ်ရာ ယင်း ၁ဝ ဦးအတွင်း ရမှတ်တူညီနေသူများကို ဆုကြေးငွေ အချိုးကျ ခွဲဝေပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲမှ လက်ရည်စစ်အောင်မြင်သူ ကစားသမား ၁၂ ဦးကို ရွေးချယ်ကာမန္တလေးမြို့၌ ကျင်းပခဲ့သည့် အထက်မြန်မာ ပြည်ဇုန်လက်ရည်စစ်ပြိုင်ပွဲမှ ဆန်ခါတင်ကစားသမား ၁၂ ဦးနှင့် ပြီးခဲ့သည့်နှစ် တံခွန်စိုက်ပြိုင်ပွဲမှ ၁၂ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦးကို ဒုတိယအဆင့် လက်ရည်စစ်ပြိုင်ပွဲအဖြစ် မတ်လတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် ပထမအဆင့် စစ်တုရင် လက်ရည်စစ်ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၄ ရက် အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပလျက်ရှိသည်။ ယင်းပြိုင်ပွဲ သည် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့၌ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမား ၁၁၆ ဦးအထိ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

Read 7 times Last modified on Saturday, 13 January 2018 10:46