SJ WorldNews - шаблон joomla Авто

ယခုရာသီ ပထမဆုံး ရှုံးပွဲကြုံလိုက်ရခြင်းမှာ အသင်းအတွက် ပိုကောင်းဟု ဂွါဒီယိုလာဆို

Friday, 08 December 2017 08:45 font size decrease font size decrease font size increase font size increase font size

ခါကိဗ် ဒီဇင်ဘာ ၇

မန်စီးတီးအသင်းသည် ယမန်နေ့ညက ယူကရိန်းနိုင်ငံသို့ သွားရောက် ကစားရသည့် ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွင် ရှက်တာဒိုးနက်စ်ကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ရာ ထိုပွဲမှာ ယခုရာသီပြိုင်ပွဲ အရပ်ရပ်တွင် ပထမ ဆုံးရှုံးပွဲဖြစ်သော် လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ထိုရှုံးပွဲမှာ မိမိအသင်းအတွက် ကောင်းမွန်သည့် အရှုံးဟု ပြောသည်။ မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၁ဝ ရက်တွင် မန်ယူနှင့်ပရီးမီးယားလိဂ် ပွဲကစားရန် ရှိနေခြင်းကြောင့် အုပ်စုဗိုလ်ဖြစ် ထားပြီးသား ချန်ပီယံလိဂ်ပွဲစဉ်၌ ရှက်တာဒိုးနက်စ်နှင့် ရင်ဆိုင်ရာတွင် ယခင် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို ခုနစ်ဦးအထိ ပြောင်းလဲပြီး အင်္ဂလန်နှင့် ယူ-၁၇ ကမ္ဘာ့ဖလား ရယူနိုင်သော လူငယ်ကစားသမားလေး ဖိုဒန်အပါအဝင် မျက်နှာသစ် ကစားသမားများစွာကို ပွဲထွက်စေခဲ့သည်။

၂၈ ပွဲဆက် ရှုံးပွဲမရှိသည့် စံချိန်ပျက်သွားရသော်လည်း ဂွါဒီယိုလာက ''ကျွန်တော်တို့ အနိုင်ကို ဦးတည်ပြီး ကစားခဲ့တယ်။ ဒီလိုအသင်းကောင်း တစ်သင်းကို ချန်ပီယံလိဂ်လိုပွဲမှာ လူငယ်တွေကစားသွားတဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ အမြဲနိုင်ပွဲရနေမှာ မဟုတ်ဘူးလို့ ပြောခဲ့သလိုပါပဲ။ အခုအရှုံးက အသင်းအတွက် ကောင်းပါတယ်။ ဘောလုံးမှာ ရှုံးပွဲကြုံပြီးရင် ဘယ်လိုရုန်းထပြီး တည်ငြိမ်အောင် ပြန်လုပ်ရမလဲဆိုတာက အရေးအကြီးဆုံးပါ''ဟု ပြော ကြားသွားသည်။

Read 37 times Last modified on Friday, 08 December 2017 08:50