SJ WorldNews - шаблон joomla Авто

အုပ်စုဗိုလ် နေရာအတွက် အနိုင်ကစားမယ့် ဆိုစီဒက်နဲ့ အတ္တလန္တာ နှစ်သင်းကို အားပေး

Thursday, 07 December 2017 10:04 font size decrease font size decrease font size increase font size increase font size

ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်များ ပွဲကြို သုံးသပ်ချက်

ဇင်းနစ်က ၁၃ မှတ်၊ ဆိုစီဒက်က ၁၂ မှတ်နဲ့အုပ်စုကို ဦးဆောင်နေတာကြောင့် နှစ်သင်းစလုံး အုပ်စု တက်နှင့်နေပြီး အုပ်စုဗိုလ်နေရာအတွက်သာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ ပထမအကျော့က ရုရှားမြေမှာ ဇင်းနစ်က ၃ ဂိုး-၁ ဂိုး နဲ့ အနိုင်ရထားတယ်။ အခုပွဲမှာ အိမ်ရှင်ဆိုစီဒက် ပရိသတ်တွေက သူတို့အသင်း နိုင်ပွဲရဖို့အတွက် ကွင်းလုံးပြည့် လာအားပေးမှာပါ။ နှစ်သင်းစလုံးက ကစားသမားနဲ့ ခြေစွမ်းပိုင်းအရ ကွာဟချက် သိပ်မရှိပါဘူး။ ဒါပေမဲ့ ဆိုစီဒက်အိမ် ကွင်းမှာ ရှုံးနိုင်စရာ အကြောင်းမရှိတာကြောင့် အိမ်ရှင်အသင်း အနိုင်နဲ့ ဂိုးအများပဲ ဖြစ်မှာပါ။

ဒီအုပ်စုမှာ လာဇီယိုက ၁၃ မှတ်ရထားပြီး အုပ်စုဗိုလ်အဖြစ် တက်လှမ်းခဲ့ပြီးဖြစ်သလို အုပ်စုဒုတိယနေရာက နိစ်ကလည်း ကိုးမှတ်ရထားပြီး ဝါရီဂမ်ထက် ငါးမှတ်၊ ဗီတက်ဆီထက် ခုနစ်မှတ်အသာ ရထားတာကြောင့် အခုပွဲစဉ်က ရပ် တည်မှုအဆင့်အတွက် ဘာမှအရေး မပါတော့ပါဘူး။ နယ်သာလန်ကလပ် ဗီတက်ဆီက ပထမအကျော့က နိစ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးထားတယ်။ ဒီလိုအနေအထားမှာ အိမ်ရှင်ဗီတက်ဆီ အသင်းက ပထမ အကျော့ကရှုံးကြွေး ပြန် ဆပ်ဖို့အတွက် ကြိုးစားကစားမှာပါ။ ဒီပွဲမှာ သရေပွဲဖြစ်နိုင်သလို နိစ်ပဲ ကပ်နိုင်တာမျိုးဖြစ်မှာပါ။

လာဇီယိုက အုပ်စုတွင်းမှာ လေးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ ၁ဝ ဂိုးအထိ သွင်းထားနိုင်လို့ အုပ်စုဗိုလ် အဖြစ်နောက်တစ်ဆင့် တက်လှမ်းသွားပါပြီ။ ဝါရီဂမ်ကတော့ လေးမှတ်သာရထားလို့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘဲ ဂုဏ်သိက္ခာအတွက်သာ ကစားရတော့မှာဖြစ်ပါတယ်။ ခြေစွမ်းပိုင်းကွာဟလို့ လာဇီယိုက အဝေးကွင်းမှာ နိုင်ပွဲရအောင်ကစားပြီး နောက်ဆုံးအဝေးကွင်း ၁၂ ပွဲ ဆက်အနိုင် စံချိန်တင်ဖို့ ကြိုးစားမှာပါ။ အရန်ကစားသမားတွေနဲ့ ပွဲထွက် လာမှာဖြစ်ပေမယ့် နောက်ဆုံးအဝေးကွင်း ၁၁ ပွဲနိုင်ထားတဲ့ လာဇီယို အနိုင်သေချာပါတယ်။

 

ဒီပွဲကို အဲဗာတန်နည်းပြသစ် ဆမ်အလာဒိုက်စ် လိုက်ပါသွားမှာ မဟုတ်ပါဘူး။ ခရီးဝေးမသွားနိုင်တဲ့ ကျန်းမာ ရေးအခြေအနေကြောင့်ဖြစ်ပြီး လက်ထောက်နည်းပြ ရှိတ်စပီးယားကို နည်းပြခိုင်းမှာပါ။ လာမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မှာ အဲဗာတန်က လီဗာပူးနဲ့ မာဆေးဆိုက်ဒါဘီပွဲ ကစားရဦးမှာဖြစ်လို့ စီနီယာကစားသမားတွေ အားလုံးကို ဆိုက်ပရပ်စ်ခရီးစဉ်မှာ လိုက်ပါစေခြင်းမပြုဘဲ အရန်နဲ့အကယ်ဒမီက လူငယ်ကစားတွေကိုသာ စေလွှတ်ထားပါတယ်။ ဒါကြောင့် အေပိုလွန်ပဲ အသာရမှာပါ။

၁၁ မှတ်စီရထားတဲ့ အုပ်စုထိပ်ဆုံးကနှစ်သင်း အုပ်စုဗိုလ်နေရာအတွက် ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ပထမ အကျော့က ပြင်သစ်မြေမှာ တစ်ဂိုးစီသရေကျထားပြီး အခုပွဲမှာလည်း အိမ်ရှင်အတ္တလန္တာက နိုင်ပွဲရအောင် ကစားမှာပါ။ အတ္တ လန္တာက နောက်ဆုံး ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်နှစ်ပွဲမှာ နှစ်ဂိုးနဲ့အထက် ဂိုးတွေသွင်းနိုင်ခဲ့ လို့ အခုပွဲစဉ်မှာ အိမ်ကွင်းတိုက်စစ် ကစားအားကောင်းတဲ့ အတ္တလန္တာကို သေချာပေါက် ရွေးချယ်အားပေးရပါမယ်။

ဗီလာရီးယဲလ်က အုပ်စုတွင်းမှာ ရှုံးပွဲမရှိဘဲ ဒုတိယ နေရာက ဆလားဗီးယားပရပ်ဂ်ထက် သုံးမှတ်အသာ ၁၁ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်လှမ်းပြီးသားပါ။ အစ္စရေးကလပ် မက္ကာဘီတဲလ် အဗစ်ကတော့ အုပ်စု တွင်းငါးပွဲမှာ နိုင်ပွဲတစ်ပွဲမှမရဘဲ တစ်မှတ်သာ ရထားတယ်။ ပထမအကျော့ပွဲစဉ်အဖြစ် စက်တင်ဘာလ အတွင်းက အစ္စရေးကွင်းမှာ သွားကစားတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ တစ်ပွဲလုံးမှ နှစ်သင်းပေါင်း ဂိုးပေါက်ကန်သွင်းမှု အခွင့်အရေး သုံးကြိမ်သာရတဲ့အတွက် ပရိသတ်တွဝေဖန်ခြင်းကို ခံရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီလာရီးယဲလ်က နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးခဲ့တယ်။ နောက် ဆုံးငါးပွဲမှာတော့ ဗီလာရီး ယဲလ်က ၁ဝ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး တိုက်စစ်မှူး ကားလို့စ်ဘက်ကာလည်း ဂိုးတွေ ပြန်လည်သွင်းလာနိုင်ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဗီလာရီးယဲလ် အနည်းဆုံး နှစ်ဂိုးပြတ်နိုင်မှာပါ။

အာဆင်နယ်က အနီးဆုံးပြိုင်ဘက်ဇဗီးဇဒါးနဲ့ ကိုလုံးတို့ကို လေးမှတ်ဖြတ်ထားပြီးဖြစ်လို့ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တက်လှမ်းခဲ့ပြီးသားပါ။ အာဆင်နယ် နည်းပြဝင်းဂါးက ပရီးမီးယားလိဂ်ကို အာရုံစိုက်မှာ ဖြစ်တဲ့အတွက် အခုပွဲစဉ်မှာ ကစားသမားကောင်းတွေကို သေချာပေါက် အနားပေးပါလိမ့်မယ်။ အိမ်ကွင်းမှာ အာဆင်နယ်က လူငယ်ကစားသမားတွေနဲ့ အနိုင်ရလဒ်ကို ဦးတည်ကစားမှာပါ။ ဘိုရီဆော့ဗ်က ခံစစ်ပိုင်းညံ့ပြီး အုပ်စုတွင်းအိမ်ကွင်း ပွဲေ တွမှာ လေးဂိုးပေးထားရလို့ အရန်ကစားသမားတွေ ဆိုပေမယ့် ဂီရော့ဒ်လို တိုက်စစ်မှူးမျိုး ပွဲထွက်မယ့် အာဆင်နယ်ပဲ နှစ်ဂိုးပြတ်နိုင်မှာပါ။

Read 10 times Last modified on Thursday, 07 December 2017 10:16