SJ WorldNews - шаблон joomla Авто

ဆေးလ်ဗား ဒဏ်ရာရသည်ဟု ဂွါဒီယိုလာ လိမ်လည်ပြောဆိုကြောင်း မော်ရင်ဟိုခနဲ့ အိမ်ကွင်း ပွဲ ၄ဝ ဆက် ရှုံးပွဲမရှိသော အသင်းစံချိန်ဟောင်းကို ပြန်လိုက်မီ

Thursday, 07 December 2017 09:56 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ ဒီဇင်ဘာ ၆

မန်ယူနည်းပြမော်ရင်ဟိုက ပြိုင်ဘက်မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ အဓိက ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရနေကာ လာမည့်သီတင်းပတ်ကုန်တွင် မိမိတို့နှင့် ကစားရမည့် မန် ချက်စတာဒါ ဘီပွဲ၌ ပါဝင်နိုင်မည်မဟုတ်ဟု လိမ်လည်ပြောဆိုခဲ့ကြောင်း ခနဲ့စကားဆိုသည်။ ဆေးလ်ဗားသည် ဒဏ်ရာကြောင့် ဒီဇင်ဘာ ၉ ရက်ညတွင် မန်ယူနှင့် ကစားရမည့်ပွဲစဉ်၌ ပါဝင်နိုင်ရန် မသေချာဟု နည်းပြ ဂွါဒီယိုလာက ဖွင့်ဟပြော ခင်းဖြစ်သည်။

ထိုပြောဆိုမှုနှင့် ပတ်သက်ပြီး မော်ရင်ဟိုက ဂွါဒီယိုလာကိုသာမက အာဆင်နယ် နည်းပြဝင်းဂါးကိုပါ လိမ် လည်ပြောကြသူများအဖြစ် ခနဲ့စကားဆိုသည်။ ''ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ဒီလိုကိစ္စမျိုးတွေ လုပ်လေ့ရှိတယ်။ အရေး ကြီးတဲ့ ကစားသမားတွေ ဒဏ်ရာရနေတယ်ပြောပြီး နောက်ဆုံးတော့ သူတို့အားလုံး ပွဲကစားဖို့ အသင့်ဖြစ်နေကြတာပဲ။ သူတို့မှာ အကောင်းဆုံး ကစားသမား အင်အားရှိတယ်။ ကျွန်တော်တို့ကတော့ အမှန်ပဲပြောတယ်။ ကိုယ့်မှာ ပြဿနာရှိရင်ရှိတယ်၊ ဒဏ်ရာရသူတွေ ရှိတယ်ဆိုရင်လည်း တကယ်ရှိတာပဲ။ လာကာဇက်တီ ဒါမှမဟုတ် ဆေးလ်ဗားတို့ ဒဏ်ရာရနေကြတယ်ဆိုတဲ့ ပုံပြင်တွေလို မလုပ်ဘူး။ ကျွန်တော့်အသင်းမှာ ဘိုင်လေမပါနိုင်ဘူး။ ဖီးလ်ဂျုံးစ်နဲ့ ဖယ်လိုင်နီကတော့ အခွင့်အရေးရှိတယ်။ မိုဗစ်ခ်ျဆိုရင် အခွင့်အရေးအကြီးကြီးရှိတယ်။ မာတစ်ဆို ဒဏ်ရာရနေတယ်။ ဒါပေမဲ့ သေချာပေါက် သူဝင်ကစားမယ်'' ဟုပြောသည်။ မန်ယူအသင်းသည် ယမန်နေ့ညက အိမ်ကွင်း၌ ချန်ပီယံ လိဂ်အုပ်စု နောက်ဆုံးပွဲအဖြစ် CSKA မော်စကိုနှင့် ကစားရာ ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် CSKA မော်စကိုဘက်မှ ဗီတင်ဟိုက ပွဲချိန် ၄၅ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း မန်ယူအတွက် အနိုင်ဂိုးနှစ်ဂိုးကို လူကာကူနှင့် ရက်ရှ်ဖို့ဒ်တို့က ပွဲချိန် ၆၄ မိနစ်နှင့် ၆၆ မိနစ် တို့တွင်သွင်းယူပြီး အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်လှမ်းခဲ့သည်။ မန်ယူအသင်းသည် ထိုနိုင်ပွဲကြောင့် နည်းပြဟောင်း ဆာမတ်ဘက်စ်ဘီလက်ထက်က ရရှိခဲ့သည့် အိမ်ကွင်းပွဲ ၄ဝ ဆက်ရှုံးပွဲမရှိစံချိန်ကို ပြန်လည်လိုက်မီခဲ့သည်။ သို့သော် မော်ရင်ဟိုက အသင်းစံချိန်အတွက် ရည်ရွယ် ကစားခြင်းမဟုတ်ဘဲ ချန်ပီယံလိဂ် နောက်တစ်ဆင့်တွင်လည်း မည်သည့်အသင်းနှင့် ရင်ဆိုင်ရပါစေ ပြဿနာ မရှိဟုပြောသည်။ ''မဲခွဲရင် ကျွန်တော်က ကံကောင်းတတ်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့် ဘယ်အသင်းနဲ့ တွေ့ မလဲဆိုတာ ကြိုမတွေးဘူး။ သေချာတာကတော့ ကျွန်တော်တို့နဲ့ ရင်ဆိုင်တွေ့လို့ လွယ်ကူဖို့မရှိနိုင်ပါဘူး။ စံချိန်နဲ့ ပတ်သက်လို့လည်း ထူးခြားပြီး ခံစားရတာမရှိဘူး'' ဟု ပြောသည်။

Read 6 times Last modified on Thursday, 07 December 2017 10:03