SJ WorldNews - шаблон joomla Авто

အုပ်စုဗိုလ် မဖြစ်ခဲ့၍ ဘာစီလိုနာ ပီအက်စ်ဂျီတို့နှင့် တွေ့နိုင်သော်လည်း နည်းပြကွန်တီ စိုးရိမ်မှုမရှိ

Thursday, 07 December 2017 09:56 font size decrease font size decrease font size increase font size increase font size

လန်ဒန် ဒီဇင်ဘာ ၆

ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားရာ ချယ်လ်ဆီး အသင်းသည် အက်သလက်တီကိုနှင့် တစ်ဂိုးစီသရေသာ ကစားနိုင်ခြင်းကြောင့် ရိုးမားအသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားကာ ချယ်လ်ဆီးသည် အုပ်စုဒုတိယနေရာသာ ရခြင်းကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်၌ ဘာစီလိုနာ၊ ပီအက်စ်ဂျီ သို့မဟုတ် ဘီဆစ်တပ်တစ်သင်းသင်းနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့မည်ဖြစ်ရာ ချယ်လ်ဆီးနည်းပြ ကွန်တီက စိုးရိမ်စရာမ ရှိကြောင်း ထုတ်ဖော်ပြောသည်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲကို ဒီဇင်ဘာ ၁ဝ ရက်တွင် ကျင်းပမည်ဖြစ်ရာ ကွန်တီက ''၁၆ သင်းအဆင့်ကို တက်လှမ်းသွားပြီ ဆိုကတည်းက အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားရ တော့မှာပါ။ မဲခွဲ အပြီးမှာ ကျွန်တော်တို့ ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ ဘယ်အသင်းမှလည်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်တွေ့ရလို့ ပျော်မယ်လို့မထင်ဘူး''ဟု ဖွင့်ဟသည်။ ချယ်လ်ဆီးတောင်ပံ ကစားသမား ဟာဇက်ကလည်း ''ချယ်လ်ဆီးဆိုတာ ထိပ်တန်းအသင်းပါ။ ဒါကြောင့် ဘယ်အသင်းနဲ့ ရင်ဆိုင်ရသည်ဖြစ်ပါစေ စိုးရိမ်စရာ မလိုဘူး။ အက်သလက်တီကိုနဲ့ပွဲမှာ နိုင်ဖို့အခွင့်အရေးတွေ ရခဲ့ပေမယ့် သူတို့ဂိုးသမားက ကောင်းလွန်းခဲ့တယ်'' ဟုပြောသည်။

Read 6 times Last modified on Thursday, 07 December 2017 10:03