SJ WorldNews - шаблон joomla Авто

ထိုင်းဖိတ်ခေါ် ပြိုင်ပွဲအတွက် မြန်မာယူ-၂၃ အသင်း အကောင်းဆုံး ပြင်ဆင်ထား

Thursday, 07 December 2017 09:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပမည့် M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို အကောင်းဆုံး ပြင်ဆင်ထားကြောင်း မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း နည်းပြချုပ် ဂတ်ဇီဆီကပြောသည်။ ''ဗီယက်နမ်အသင်းဆိုတာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းလို့ ပြောလို့ရတယ်။ ဥဇဘက်ကစ္စတန် အသင်းလည်းကောင်းတယ်။ ဗီယက်နမ်အသင်း ဘယ်လောက်ကောင်းကောင်း ပြီးခဲ့တဲ့နှစ်နှစ်က သူတို့ အသင်းကို ကျွန်တော်တို့နိုင်ဖူးတယ်။ အချိန်ကတော့ ပြောင်းလဲသွားပြီ။ အခု ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေက အသက်အရမ်းငယ်တယ်။ ပျမ်းမျှအသက်က ၂ဝ ဝန်းကျင် လောက်ပဲရှိတယ်။ ဒါက ကျွန်တော်တို့ မြန်မာ့ လက်ရွေးစင်အသင်းရဲ့ အနာဂတ် အသင်းဖြစ်လာမှာပါ။ မြန်မာ နေရှင်နယ်လိဂ်မှာလည်း ဘယ်ကစားသမားကို ရွေးချယ်ရမလဲဆိုတာ ကျွန်တော့်အနေနဲ့ကတော့ လုပ်နိုင်သလောက် အကောင်းဆုံးကို ရွေးချယ်ပြင်ဆင်ထားပါတယ်'' ဟု နည်းပြချုပ် ဂတ်ဇီဆီကပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သော မြန်မာယူ-၂၂ အသင်းကို အခြေခံဖွဲ့စည်းထားသော အသင်းဖြစ်ပြီး လက်ရှိတွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ့ လက်ရွေးစင် ယူ- ၂၃ အသင်းသည် ခြေစမ်းပွဲအဖြစ် မွန်ဂိုလီးယား လက်ရွေးစင်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ထားကာ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနှင့် တစ်ဂိုးစီ သရေကျထားသည်။ မြန်မာ ယူ-၂၃ အသင်းသည် ထိုင်းဖိတ်ခေါ်ဖလား ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Read 6 times Last modified on Thursday, 07 December 2017 09:42