SJ WorldNews - шаблон joomla Авто

WLC-3 တွင် သွားဖြင့် ကိုက်ခဲ့သည်ဟု ဖာရယ်၏ တိုင်ကြားမှုကို စောငမန်း ပြန်လည် ဖြေရှင်း

Thursday, 07 December 2017 09:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန်မြို့၌ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC-3) ၌ မြန်မာ့ရိုးရာ လက်ဝှေ့ကျော်စောငမန်းက သွားဖြင့်ကိုက်ခဲ့ကြောင်း သြစတြေးလျ လက်ဝှေ့သမား အက်ဒီဖာ ရယ်က တိုင်ကြားခဲ့ခြင်းကို စောငမန်းက ယမန်နေ့က လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရသည်။''အဲဒီပွဲတုန်းက ပူးချုပ်မိတဲ့အခါ ခေါင်းနဲ့ရိုက်တာပါ။ သူက ခုခံကာကွယ်တဲ့အနေနဲ့ ကျွန်တော့် နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့ အုပ်ပြီးတွန်းပါတယ်။ ကျွန်တော် နှာခေါင်းနဲ့ အသက်ရှူလို့မရတော့ ပါးစပ်နဲ့ အသက်ရှူဖို့ ကြိုးစားခဲ့ရပါတယ်။ ပါးစပ်ဟလိုက်တဲ့အချိန် သူ့လက်က ကျွန်တော့်ပါးစပ်ထဲ ဝင်သွားပြီး သွားနဲ့ထိသွားတာပါ'' ဟု စောငမန်းက ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ အက်ဒီဖာရယ်က ယင်းပွဲစဉ်တွင် စောငမန်း အနေ ဖြင့် ၎င်း၏လက်ကို သွားဖြင့်ကိုက်ခဲ့ကြောင်းနှင့် အမှတ်ပေး အဆုံးအဖြတ်ကို ပြန်လည်စစ်ဆေးပေးရန် မြန်မာ့ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ထံ တိုင်ကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ အမျိုး သားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းပွဲ၌ စောငမန်းနှင့် သြစတြေးလျနိုင်ငံသား အက်ဒီဖာရယ်တို့ ငါးချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး စောငမန်းက လက်ရည်အသာဖြင့် ယှဉ်ပြိုင်ပြီး အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Read 4 times Last modified on Thursday, 07 December 2017 09:35