SJ WorldNews - шаблон joomla Авто

အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအား နိုင်ငံတကာ အဆင့်မီ မှန်ပြောင်းဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသမှုများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ရောဂါဝေဒနာရှင် လူနာတို့၏ စကားသံများ

Thursday, 12 October 2017 09:28 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာ့တပ်မတော်မှ ခွဲစိတ်ပါရဂူများ၊ ဆရာဝန်များအဖွဲ့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ University Tunku Abdul Rahman (UTAR) တက္ကသိုလ်မှ ပါမောက္ခ Kin Rah Chin တို့ပူးပေါင်း၍ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများကို ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် နိုင်ငံတကာ အဆင့်မီ ရှာဖွေခွဲစိတ် ကုသမှုများကို အောက်တိုဘာ ၁ဝ ရက်မှ ၁၁ ရက်ထိ နေပြည်တော် ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ် အတွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများ နှင့် ခွဲစိတ်ကုသမှု ခံ ယူခဲ့သည့် ရောဂါဝေဒနာရှင် လူနာတို့၏ ပြောကြားချက်များကိုလည်း ပြန်လည်မျှဝေ လိုက်ရပါသည်-

ဗိုလ်မှူးကြီး ဒေါ်သန်းသန်းရီ (ခွဲစိတ်ကုသမှု ဌာနကြီးမှူး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်းနှင့် သည်းခြေလမ်း ကြောင်းခွဲစိတ် ကုသမှုဌာန)

ကျွန်မတို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ ရှာဖွေကုသမှုနဲ့ ပတ်သက်လို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအနေနဲ့ ပါးစပ်ကနေပြီးတော့ အစာအိမ် မှန်ပြောင်းကြည့်တယ်။ အူမကြီးကနေ ထည့်ပြီးတော့ အူမကြီး မှန်ပြောင်းကြည့်တယ်။ သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့်တယ်။ ရင်ခေါင်းခွဲစိတ် ဆရာဝန်က နှာခေါင်း သို့မဟုတ် ပါးစပ်ကနေပြီး လေပြွန်ထဲကို ရောဂါရှာဖွေပါတယ်။ ရောဂါရှာဖွေတာကို အစာအိမ်နဲ့ အူလမ်းကြောင်းကြည့်တဲ့ မှန်ပြောင်းနဲ့ကြည့်ပါတယ်။ နောက်တစ်ခုက တကယ်လို့ကြည့်နေရင်းနဲ့ ကုသလို့ရမယ့် အရာမျိုးဆိုရင် တစ်ခါတည်း ကုသပေးပါတယ်။

ဥပမာ-မှန်ပြောင်းနဲ့ ကြည့်လိုက်တဲ့အချိန်မှာ အသားပိုလေးတွေ့လိုက်လို့ဖြတ်လို့ရမယ့် အရာမျိုးဆိုရင် ဖြတ်လိုက်တယ်။ အသားစ ထုတ်တာတို့ဆိုရင် တစ်ခါတည်း ထုတ်ပေးလိုက်တယ်။ အဲဒါမျိုးဆိုရင် ကုသတာပါတစ်ခါတည်း ဆောင်ရွက်ပေးပါတယ်။ အရင်လို အကျယ်ခွဲတာနဲ့ မှန်ပြောင်းနဲ့ ခွဲစိတ် တာက အရမ်းကို ကွာခြားပါတယ်။ ဘာကြောင့် လဲဆိုတော့ အကျယ်ခွဲတာက အနာအရမ်းကြီးတယ်။ အနာကြီးတော့ အနာရဲ့ Complication တွေကများပါတယ်။ အခုမှန်ပြောင်းနဲ့ ခွဲစိတ်တာက အနာကသေးသေးလေးပါပဲ။ သုည ဒသမ ၅ စင်တီမီတာနဲ့ ၁ စင်တီမီတာလောက်ပဲ ရှိတဲ့အတွက် နာလန် ထတာ အရမ်းမြန်တယ်။ လူနာဟာ နောက်နေ့ဆိုရင် ထနိုင်၊ ထိုင်နိုင်၊ စားနေနိုင်ပြီဆိုတော့ လူနာအတွက်လည်း စိတ်ပိုင်းဆိုင်ရာရော၊ ခံနိုင်ရည်အားပါ အကုန် လုံးကောင်းပါတယ်။ မှန်ပြောင်းနဲ့ကြည့်ပြီး အထဲမှာ ခွဲစိတ်တာကလည်း တီဗွီဖန်သားပြင်မှာကြည့်ပြီး ခွဲစိတ်ရတာ ဖြစ်တဲ့အတွက် တချို့ အရာတွေဆိုရင် ခွဲစိတ်ဆရာဝန် တွေအတွက် ပိုလို့တောင်လွယ်ကူပါတယ်။ ဒါ့အပြင် လူနာတွေအတွက်လည်း ပိုပြီးသက်သာစေပါတယ်။ အရင်လို ခွဲစိတ်မှုမျိုးဆိုရင် တစ်ပတ်လောက်ထိ နာလန်မထူနိုင်ဘူး။ အခုလိုမှန်ပြောင်းနဲ့ ခွဲစိတ်မှု ပြုလုပ်တာတွေကို UTAR တက္ကသိုလ်က ပါမောက္ခ ဆရာ ဝန်ကြီးတွေနဲ့ ဆက်လက်ပူးပေါင်းဖို့လည်း တိုင်ပင်ထားပါတယ်။ နှစ်စဉ်နှစ်တိုင်း ခွဲစိတ်မှု တွေပြုလုပ်သွားပါမယ်။ သုတေသနတွေ ပြုလုပ်ဖို့လည်း ညှိနှိုင်းတိုင်ပင်ထားပြီး ဖြစ်ပါတယ်။

ပါမောက္ခ Kin Rah Chin (University Tunku Abdul Rahman-UTAR)

မြန်မာ့တပ်မတော်က ခွဲစိတ်ဆရာဝန်တွေနဲ့ ဒီတစ်ခေါက် ပူးပေါင်းခွဲစိတ်မှုနဲ့ ပတ်သက်ပြီးတော့ နှစ်မျိုးဆောင်ရွက်ပါ တယ်။ ပထမတစ်မျိုးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ၊ အစာရေမျိုပြွန်ဆိုင်ရာ၊ အစာအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာတို့နဲ့ ပတ်သက်ပြီး ခွဲစိတ်ပါတယ်။ နောက်တစ်မျိုးကတော့ ဆီးချိုတို့၊ အဝလွန်ရောဂါတို့နဲ့ ပတ်သက်ပြီး တော့ခွဲစိတ်ပါတယ်။ အခုတစ်ခေါက်မှာ အဝလွန်လူနာနှစ်ဦးကို ခွဲစိတ်ခဲ့ပါတယ်။ ယခင်လာရောက်ခဲ့စဉ်က အဝလွန် လူနာတွေကို ခွဲစိတ်တဲ့ လူနာတွေကို ပြန်ကြည့်တဲ့အချိန်မှာ ဒီလူနာတွေရဲ့ အခြေအနေက အများကြီး တိုးတက် ကောင်းမွန်နေတာကိုတွေ့ ရပါတယ်။ နောက်နောင်ကိုလည်း ယခုလို ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ အလုပ်ရုံ ဆွေး နွေးပွဲ တွေလုပ်မယ်။

ခွဲစိတ်မှုတွေလုပ်မယ်။ အဲဒီလို ခွဲစိတ်မှုတွေ လုပ်ဆောင်တဲ့အခါမှာ သေးငယ်တဲ့ ဝမ်းတွင်းကြည့်မှန်ပြောင်းနဲ့ ခွဲစိတ်မှု တွေကို ပိုပြီးတော့ ပြုလုပ်သွားဖို့ရှိပါတယ်။ အဝလွန်ရောဂါနဲ့ ပတ်သက်ပြီးတော့လည်း ခွဲစိတ်မှုတွေကို ဆက်ပြီး လုပ်သွားဖို့ရှိပါတယ်။ အစာအိမ်အနာ ဖြစ်စေတဲ့ ရောဂါပိုးနဲ့ပတ်သက်တဲ့ သုတေသနပြုမှုတွေ၊ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သုတေသနပြုမှုတွေကိုလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။

ဦးကျော်သီဟ(ဆီးချိုနှင့် အဝလွန်ရောဂါ ဝေဒနာရှင်၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့)

ကျွန်တော်က အဝလွန် ရောဂါရှိပါတယ်။ ဆီးချိုရောဂါလည်းရှိတယ်။ ဒါကြောင့် အဝလွန်တာကို ခွဲစိတ်ကုသရင်းနဲ့ ဆီးချိုရောဂါလည်း ပျောက်ကင်းသွားနိုင်တယ်ဆိုတာ သိရလို့ ခွဲစိတ်ဖြစ်တာပါ။ နိုင်ငံခြားကဆရာဝန်နဲ့ တပ်မတော်က ဆရာဝန်တွေ ပူးပေါင်းပြီး ပြည်တွင်းမှာပဲ နိုင်ငံတကာ အဆင့်မီခွဲစိတ် ရတဲ့အတွက် နိုင်ငံခြားကို မသွားရဘူး။ အချိန် ကုန်ငွေကုန်မှုတွေအတွက် အများကြီး သက်သာပါတယ်။ ကျွန်တော့်စိတ်ကတော့ အခုလိုရောဂါတွေကို ဒီမှာကုသနိုင် တာ အကောင်းဆုံးပါပဲ။ တပ်မတော်ဆေးရုံမှာ ခွဲစိတ်ရတဲ့အတွက်လည်း အခွင့်အရေးတွေ အများကြီးရပါတယ်။

ကျွန်တော် အခုဆီးချိုဖြစ်နေတာရယ် အဝလွန်နေတာရယ်က ၁ဝ နှစ်ကျော်ပါပြီ။ အခု ဒီနည်းနဲ့ ခွဲစိတ်ကုသလို့ ဆီးချို ကို ကောင်းကောင်း ထိန်းနိုင်သွားတယ်ဆိုရင်၊ အဝလွန်တာလည်း ပျောက်ကင်းသွားမယ်ဆိုရင် ကျွန်တော့်မှာ ဒုတိယ ဘဝပြန်ရတာပဲ။ ကျွန်တော် အင်မတန် ဝမ်းသာပါတယ်။ ပြီးတော့ မြန်မာ့တပ်မတော်နဲ့ မလေးရှားက ပါရဂူကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒေါ်စိုးစိုး (ဆီးချိုနှင့် အဝလွန်ရောဂါ ဝေဒနာရှင်၊ တပ်ကြပ်ကြီး အောင်သိန်းတင့်၏ ဇနီး)

ကျွန်မ အဝလွန်ရောဂါဖြစ်နေတာ သုံးနှစ်လောက်ရှိပါပြီ။ ဆီးချိုရောဂါလည်းရှိပါတယ်။ အခုလက်ရှိမှာ ပေါင်ချိန် ၃၃ဝ လောက်ရှိနေပါတယ်။ အခု ကျွန်မကို ခွဲစိတ်ပေးတဲ့အခါမှာ အစာအိမ်ကျဉ်းပေးတယ်။ နောက်ပြီး လိုအပ်တဲ့ အူလမ်း ကြောင်းနဲ့ ဆိုင်တာတွေကိုလည်း ကုသပေးတယ်လို့သိရပါတယ်။ ကျွန်မက ပေါင် ၃၃ဝ လောက်ရှိနေတဲ့အတွက် အသွားအလာ အထိုင်အထ ခက်ခဲပါတယ်။ အခုလို အဝလွန်တဲ့ အတွက်လည်း ဒူးအရွတ်တွေနဲ့ အဆစ်အမျက် တွေလည်း မကြာခဏဆိုသလို ရောင်ရမ်းနာကျင်တာတွေ ခံစားနေရပါတယ်။ တပ်မတော်က ဆရာဝန်ကြီးတွေနဲ့အတူ နိုင်ငံခြားမှ ဆရာဝန် ကြီးတွေက ခေတ်မီစက်ကိရိယာတွေ၊ နည်းပညာတွေနဲ့ ဝမ်းဗိုက်အတွင်းကို မှန်ပြောင်းနဲ့ ခွဲစိတ်ကု သပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ငွေကုန်ကြေးကျလည်း မရှိဘဲ အခုလိုဆေးကုသခွင့် ရတဲ့အတွက် တပ်မတော်သား မိသားစုဝင် ရဲမေတစ်ယောက် ဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ်လည်း အ ရမ်းပဲ ဂုဏ်ယူနေမိပါတယ်။

Read 4 times
Rate this item
(0 votes)
Last modified on Thursday, 12 October 2017 09:49