SJ WorldNews - шаблон joomla Авто

မြစ်ရေ မြင့်တက်မှုကြောင့် နေအိမ် ၄၄ အိမ်မှ လူဦးရေ ၂၃ ဦး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း

Sunday, 13 August 2017 11:57 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  သြဂုတ်   ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်သဖြင့် လယ်ကုန်းရပ်ကွက်အတွင်း နေအိမ် ၄၄ မှ လူဦးရေ ၂၃၈ ဦးတို့ ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းေ ကြာင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ယမန်နေ့ညနေ ၆ နာရီက မြင့်တက်ကာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ(၁၄)ရှိ နေ အိမ်အချို့တွင် ရေဝင်ရောက်မှု ဖြစ်ပွားသဖြင့် မြစ်ကြီးနားတပ်နယ်ရှိ နယ်မြေခံတပ်မှ ဒုတိယ ဗိုလ်မှူးကြီးဝင်းခိုင်ထွန်း ဦးစီးသည့် အရာရှိ စစ်သည် များက ရေဝင်နစ်မြုပ်နေသည့် နေအိမ်များမှ အိမ်သုံးပစ္စည်းများနှင့် ရက်ကန်း ရုံသုံးပစ္စည်း များကို ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး ယနေ့နံနက် ၈ နာရီတွင်လည်း ရေများထပ်မံ ဝင်ရောက်လာမှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပြည် နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။ မြစ်ကြီး နားမြို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မြို့သစ် ကြီးရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေအိမ် အချို့တွင် ရေများဝင်ရောက်လျက် ရှိကြောင်းသိရသည်။

Read 41 times Last modified on Sunday, 13 August 2017 11:58