SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့၊ အမျိုးသမီး သက်မွေး အတတ်ပညာ သင်တန်းကျောင်းနှင့် ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 13 August 2017 10:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသမီး သက်မွေး အတတ်ပညာ သင်တန်းကျောင်းရှိ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းသူ ၇ဝ ဦးတို့ကို တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းသို့  ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ကျောင်းသူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။

အလားတူ ဆေးကုသရေး အဖွဲ့သည် သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင်လည်း ကျိုင်းတုံမြို့၊ ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များနှင့် ရှင်သာမဏေ ၃၃၄ ပါး၊ ကျိုင်းတုံမြို့ရှိ ဒေသခံပြည်သူ ၁၁၂ ဦးတို့ကို အဆိုပါ စာသင်တိုက်၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 51 times Last modified on Sunday, 13 August 2017 10:06