SJ WorldNews - шаблон joomla Авто

မြိတ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လှေနှစ်စင်း တိုက်မိမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ငါးဖမ်းလှေအား ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Sunday, 13 August 2017 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင် အတွင်း စက်ပျက်နေသည့် ခိုင်လင်းစိုး-၁ဝ၈ အမည်ရှိ ငါးဖမ်းဝါးလတ် လှေအား သြဂုတ် ၁၁ ရက် နံနက် ၅ နာရီခန့်တွင် ခိုင်လင်းစိုး-၇ အမည်ရှိ လှေမှ တွဲဆွဲလာစဉ် မြိတ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၉ မိုင်သို့အရောက်၌ မြိတ်မြို့မှ ထွက်ခွာလာသည့် သီရိထွန်း အမည်ရှိ ငါးဖမ်းစက်လှေက ခိုင်လင်းစိုး-၇၏ ဦးပိုင်းသို့ ဝင်ရောက် တိုက်မိခဲ့ရာ သီရိထွန်း ငါးဖမ်းလှေဦးပိုင်းရှိ ပျဉ်များ ကွဲထွက်ပြီး ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ နေရာသို့ ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်က သွားရောက်၍ ရေစုပ်ထုတ်ခြင်း၊ အပေါက်ဖာခြင်း စသည့် ရေဝင်မှု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ငါးဖမ်းလှေမှာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

Read 72 times Last modified on Sunday, 13 August 2017 10:05