SJ WorldNews - шаблон joomla Авто

ပွင့်ဖြူမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 13 August 2017 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပြည်လုံးကျော် ကျေးရွာရှိ ဒေသခံ ပြည်သူများအား သြဂုတ် ၁၁ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် တုပ်ကွေးရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံ ပြည်သူ ၃ဝ၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများနှင့် သွေးဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် အဆိုပါ ကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲနှင့် အခြေခံပညာ မူလတန်းကျောင်း တို့၌ ရေသန့်ဆေးများ ထည့်ခြင်းနှင့် ခြင်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးပြီး ပိုးလောက်လမ်းမှ တစ်ဆင့် ခြင် ပေါက်ပွားမှု မရှိစေရေး အတွက် ဒေသခံ ပြည်သူများအား ပိုးလောက်လမ်း ကာကွယ်သည့်ဆေးများ ဖြန့်ဝေပေးသည်။ ထို့ပြင် ဆေးကုသရေး အဖွဲ့သည် ဒေသခံ ပြည်သူများအား သွေးလွန်တုပ်ကွေး ရောဂါနှင့် H1N1 ရောဂါတို့နှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 69 times Last modified on Sunday, 13 August 2017 09:24