SJ WorldNews - шаблон joomla Авто

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ စတင်

Sunday, 13 August 2017 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ် ၁၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် ညီညီဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များက ပထမနေ့ ပွဲစဉ်ဖြစ်သည့် ပူတာအို တပ်နယ်အသင်းနှင့် မိုးကောင်းတပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းဖြင့် သြဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Sunday, 13 August 2017 09:22