SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အခြေခံပညာ ကျောင်းများ၌ စုပေါင်း လုပ်အားဒါန ဆောင်ရွက်

Sunday, 13 August 2017 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် သဲကုန်းမြို့နယ်၊ သစ်ချိုကျေးရွာရှိ ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့များက အဆိုပါ စစ်မှုထမ်းဟောင်း အိမ်ရာနှင့် သစ်ချိုကျေးရွာ ဘုန်းတော်ကြီး ကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် သံဃာတော်နှစ်ပါး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၉၇ ဦးနှင့် ဒေသခံပြည်သူ ၁၇၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ရေနီမြို့၊ ရှမ်းပိုင်း ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၊ ပန်းတောင်းမြို့၊ ကျေးတောင်ရင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ပိန်းဇလုပ်မြို့၊ ရေလည်ကျောင်း စာသင်တိုက်၊ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဝမ်းဘဲအင်းကျေးရွာ တွဲဖက် အခြေခံပညာ အထက်တန်းကျောင်း တို့၌ ယနေ့ နံနက်ပိုင်းတွင် ရေတာရှည်တပ်နယ်၊ ပန်းတောင်းတပ်နယ်၊  ညောင်လေးပင်တပ်နယ်၊ ပဲခူးတပ်နယ်နှင့် ပျဉ်ပုံကြီး တပ်နယ်တို့မှ တပ်မတော်သား များက အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်  ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများ တူးဖော်ဆယ်တင်ခြင်းများ  ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 35 times Last modified on Sunday, 13 August 2017 09:19