SJ WorldNews - шаблон joomla Авто

မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ သေနတ် နှစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိ သိမ်းဆည်း ရမိ

Wednesday, 15 November 2017 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၄

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ မဟာမြိုင်(၂)ရပ်ကွက်၊ အကွက်အမှတ်(ဒ-၃)ရှိ ရန်အောင်မြင် ကံလှတိုက်သစ်၌ စုပုံထားသော မြေစာပုံအတွင်းမှ သေနတ်နှင့် ကျည်ဆန်များတွေ့ရှိကြောင်း သတင်းအရ ယနေ့နံနက် ၉ နာရီ ၄၅မိနစ်ခန့်တွင် တပ်မ တော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးရာ ၃၂-ဗို့ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ၁၂ တောင့်၊ ခေါက်ဒင်ဘေးဆွဲ လေ သေနတ် တစ်လ က်နှင့် ကျည်ဆန်ခဲနှစ်ဘူးတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မ ရဲစခန်း၌ စနစ်တကျ ထိန်းသိမ်းထားရှိပြီး လုပ်ထုံးလုပ်နည်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 8 times Last modified on Wednesday, 15 November 2017 09:15