SJ WorldNews - шаблон joomla Авто

နေပြည်တော် ကောင်စီနယ်မြေအတွင်း လူမှောင်ခို သယ်ဆောင်လာသူနှင့် အတူ တရားမဝင် ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ

Tuesday, 14 November 2017 09:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၃

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအနီး၌ နိုဝင်ဘာ ၉ ရက် ည ၇ နာရီ မိနစ် ၃ဝ ခန့်တွင် မသင်္ကာဖွယ်ရာ လူတစ်ဦးကိုတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာတွင် နေထိုင်သည့် မြန်မာစကား မပြောတတ်သော ဘင်္ဂါလီလူမျိုး ဟာရူနာဘီ(ဘ)ဦးအီဆာ ဖြစ်ကြောင်း သိရသည်။

၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာဟောင်းရှိ ရဲအောင်၏ နေအိမ်မှ လာရောက်ခဲ့ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ယာဉ်အမှတ်၊ YGN 7H/----- Probox အမျိုးအစား ယာဉ်တစ်စီးနှင့်အတူ လူမှောင်ခိုပွဲစား လုပ်ကိုင်သူ ဝင်းကျော်(ဘ)ဦးယောင်းပိန်နှင့် အတူ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသော မိုဟာမက်အာလီဟူဆောင်း(ဘ) ဦးအာရိုဖာလီ၊ ဆင်ကတောင်ရွာ၊ ကျောက်တော်မြို့နယ်၊ ဂျာဘူရာဟာမတ်(ဘ)ဦးဟာရူလာစိန်၊ လာဟကျေးရွာ၊ မင်းပြားမြို့နယ်နှင့် နူဟာဆောင်(ဘ)ဦးနူမာမောက်၊ လာမားကျေးရွာ၊ မင်းပြားမြို့နယ် နေထိုင်သူတို့အား ဖမ်းဆီးရမိခဲ့သည်။

ဝင်းကျော်၏ပြောကြားချက်အရ ၎င်းသည် ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ကျောက်တော်မြို့နှင့်  မင်းပြားမြို့တို့ရှိ လူမှောင်ခိုပွဲစားများနှင့် ချိတ်ဆက်ကာ ရန်ကုန်မြို့သို့ ဘင်္ဂါလီများအား ပို့ဆောင်ခဲ့ကြောင်း၊ ကျောက်တော်မြို့မှ ဘင်္ဂါလီ ၂၄ ဦးကို ခြောက်ကြိမ်ခွဲ၍ လည်းကောင်း၊ မင်းပြားမြို့မှ ဘင်္ဂါလီ ၂၂  ဦးကို  သုံးကြိမ်ခွဲ၍ လည်းကောင်း ပို့ဆောင်ခဲ့သည်ဟု သိရသည်။

လူမှောင်ခိုပွဲစားများ အသုံးပြုသည့် လမ်းကြောင်းများ အနေဖြင့် ကျောက်တော်-အမ်း-ပြည်-ရန်ကုန် ကားလမ်းအတိုင်း တစ်ကြိမ်လေးဦး၊ ကျောက်တော်-အမ်း-ပဒါန်း-ပြည်-ရန်ကုန် ကားလမ်းအတိုင်း သုံးကြိမ် ၁ဝ ဦး၊မင်းပြားမြို့မှ ရေကြောင်းလမ်းဖြင့် အမ်းမြို့အနီး ခရမ်းကျွန်းရွာ၊ ၎င်းမှတောလမ်းအတိုင်း ရွှေစက်တော်လမ်းဆုံမှ  မကွေး-ကံပြား-နေပြည်တော်သို့ နှစ်ကြိမ် ၁ဝ ဦး၊ စုစုပေါင်း လမ်းကြောင်းလေးခုမှ ဘင်္ဂါလီ ၄၆ ဦးကို ရန်ကုန်မြို့ရှိ   လူမှောင်ခိုပွဲစားများထံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းနှင့် ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်းရဲစခန်းတို့တွင် တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။  

Read 22 times Last modified on Tuesday, 14 November 2017 09:08