SJ WorldNews - шаблон joomla Авто

ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၌ အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုသီချင်းဆို ပြိုင်ပွဲကျင်းပနိုင်ရေး အတွက် အလှူငွေပေးအပ်

Tuesday, 14 November 2017 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၌ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ကျရောက်သည့် (၉၇)နှစ်မြောက် အမျိုးသားနေ့တွင် ကျိုက်လတ်မြို့နယ် အသင်း(ရန်ကုန်)မှ ကြီးမှူးပြုလုပ်သော အမျိုးသားနေ့ အထိမ်းအမှတ် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲနှင့် စင်တင်တေးဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ စုပေါင်းလှူဒါန်းသော အလှူငွေပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ  တပ်မတော်အရာရှိကြီးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊  ပြိုင်ပွဲကျင်းပရေးနှင့် ဖျော်ဖြေရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအလှူငွေ ပေးအပ်ပွဲတွင် အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကိုယ်စား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားပြီး အလှူငွေကျပ် သိန်း၅ဝ အား ပြိုင်ပွဲကျင်းပရေးနှင့် ဖျော်ဖြေရေး ကော်မတီမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 10 times Last modified on Tuesday, 14 November 2017 08:45