SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ် ဗန္ဓုလကျေးရွာရှိ ပြည်သူ့စစ် ဌာနေ အဖွဲ့ဝင်များအား တွေ့ဆုံ

Tuesday, 14 November 2017 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဝါးနက်ရုံကျေးရွာရှိ  မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာန ဝါးနက်ရုံ ဇေယျဝတီ ဘုန်းတော်ကြီးကျောင်း၌ အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍  အသုံးအဆောင်ပစ္စည်းများနှင့်  စားသောက်ဖွယ်ရာများ ပေးအပ်ပြီး တောင်တန်း သာသနာပြု ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နယ်  ဗန္ဓုလကျေးရွာသို့ သွားရောက်ကာ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံ၍  အမှာစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Tuesday, 14 November 2017 08:42