SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Friday, 13 October 2017 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင်  တိုင်းစစ် ဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ပြိုင်ပွဲဝင် အသင်းများ၏ ပထမနေ့ ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်းငါး သင်းက ဝိတ်တန်း ကိုးမျိုးဖြင့် အောက်တိုဘာ ၁၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                             

Read 21 times Last modified on Friday, 13 October 2017 10:32