SJ WorldNews - шаблон joomla Авто

တိုင်းရွှေဂုံ အရောင်းဆိုင်များတွင် သန့်ရှင်း လတ်ဆတ်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များနှင့် စားသောက်ကုန်၊ လူသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

Thursday, 12 October 2017 13:30 font size decrease font size decrease font size increase font size increase font size

တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား စီးပွားရေး အမြတ်အစွန်းအရ မဟုတ်ဘဲ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေးကို တိုက်ရိုက် အထောက်အကူ ဖြစ်စေရန်နှင့် သက်သာချောင်ချိရေးအတွက် ရည်မှန်း ချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။

တပ်ရင်း/တပ်ဖွဲ့များ၊ တပ်ဌာနချုပ်များ အနေဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များအား သက် ဆိုင်ရာနယ်မြေဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများကိုပါ ဈေးနှုန်း သက်သာစွာဖြန့်ဖြူး ရောင်းချပေးနိုင်သည်အထိ တပ်ပိုင်စီးပွားရေးနှင့် မွေးမြူရေး လုပ်ငန်းများကို နည်းစနစ်တကျဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း စော်ဘွားကြီးကုန်း၊ တညင်းကုန်း၊ မှော်ဘီနှင့် ထောက်ကြန့်တို့ရှိ စိုက်ပျိုးမွေးမြူရေး စခန်းများတွင် Novogen Brown ဥစားကြက်ကောင်ရေ ၄ဝဝဝဝ၊ အသား စားကြက်ကောင်ရေ ၅ဝဝဝ၊ DYL အသားတိုးဝက် ၁၇၁ ကောင်၊ နို့စားနွား ၄၂ ကောင်နှင့် ငါးကောင် ရေ ၁၈ဝဝဝဝ ကျော်မွေးမြူထားရှိကြောင်း သိရှိရသည်။ စိုက်ပျိုးရေး အနေဖြင့်လည်း ရာသီသီးနှံ စိုက်ခင်းများအပြင် Green House များဖြင့် စိုက်ပျိုးခြင်း၊ မြေလွှာမဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု Hydroponic နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ငှက်ပျောနှင့် ဒန့်သလွန်ပင်များ တစ်အုပ်တစ်မ စိုက်ပျိုးထားရှိပြီး ထွက်ရှိလာသည့် ကြက်ဥ၊ အသားငါး၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား တပ်မတော် ရိက္ခာပေးသွင်းခြင်း၊ စစ်သည်မိသားစုများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက် ဝန်ထမ်းများအား ရောင်းချပေးခြင်းအပြင် စော်ဘွားကြီးကုန်းရှိ တိုင်း ရွှေဂုံအရောင်းဆိုင်အမှတ်(၁)၊ ဘောက်ထော်ရှိ တိုင်းရွှေဂုံ အရောင်းဆိုင်အမှတ်(၂)၊ ရှစ်မိုင်ကုန်းမြင့်သာရှိ တိုင်းရွှေဂုံ အရောင်းဆိုင် အမှတ်(၃)တို့တွင်ပါ ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေးလျက်ရှိသည်။

ယင်းတိုင်းရွှေဂုံ အရောင်းဆိုင်များအား ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအောက် တိုဘာလအထိ ကြက်ဥလုံးရေ ၈၄ဝဝဝဝ ကျော်၊ ကြက်သား ပိဿာ ၁၇ဝဝ ကျော်၊ နွားနို့ပိဿာ ၅ဝဝဝ ကျော်နှင့် ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်ဈေးထက် သက်သာသောေ ဈးနှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့သဖြင့် ဝယ်ယူစားသုံး သူပြည်သူများအတွက် တန်ဖိုးငွေကျပ် ၂၅၇ သိန်းခန့် သက်သာမှုရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုင်းရွှေဂုံ အရောင်းဆိုင်များတွင် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များ၊ စည်သွတ်ဘူးများ၊ အချိုရည်နှင့် အဖျော်ယမကာ စသည့်စားသောက်ကုန် ပစ္စည်းများ၊ ပလတ်စတစ်ပရိ ဘောဂ အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ဒန်သတ္တုပစ္စည်း၊ ဘောလုံး စသည့်လူသုံးကုန် ပစ္စည်းများနှင့် တပ်မတော် အထည်ချုပ် စက်ရုံများမှ အဝတ်အထည်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိသည်။

Read 11 times Last modified on Thursday, 12 October 2017 13:48