SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်စရိတ် ပေးအပ်

Thursday, 12 October 2017 09:24 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော် သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ပညာသင်စရိတ် ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည့် တပ်မတော်သား မိသားစုဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ၊ အဝေးသင် တက္ကသိုလ် တက်ရောက်ဖြေဆိုကြမည့် စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၈၉ ဦးတို့ ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပညာသင်စရိတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 8 times Last modified on Thursday, 12 October 2017 09:27